ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ (၁၁)

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ (၁၁)
Photo : Getty Images
Photo : Getty Images
Published 18 March 2024
Chan Myae

ပီရက်ဇ်က ၂၀၀၇ Ballon d'Or ဆုရှင် ကာကာနဲ့ ၂၀၀၈ Ballon d'Or ဆုရှင် စီရော်နယ်လ်ဒိုတို့ကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေ ပေးပြီးခေါ် ယူခဲ့တယ်။ သူက ကမ္ဘာ့ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ဈေးကွက်ကို အရင်ကလည်း ကိုင်လှုပ်ခဲ့ဖူးသလို၊ အခုအချိန်မှာလည်း ထပ်မံကိုင်လှုပ်ခဲ့ပြန်တယ်။ ဒီကစားသမား ၂ ဦးကို ခေါ်ယူအပြီး ရက်ပိုင်းအကြာမှာပဲ လိုင်ယွန်အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘန်ဇီမာကိုလည်း ယူရို ၃၅ သန်းပေးပြီး ထပ်မံခေါ်ယူခဲ့တယ်။ သူက ဒီအပြောင်းအရွှေ့ သုံးခုအပြီးမှာတော့ "အမြင်အားဖြင့် ဈေးအကြီးဆုံးလို့ ပြောလို့ရတဲ့ ခရစ္စတီယာနိုရဲ့ ပြောင်းရွှေ့ကြေးက အမှန်တကယ်တော့ ဈေးအသက်သာဆုံး အပြောင်းအရွှေ့ ဖြစ်ပါတယ်"လို့ တရားဝင်ထုတ်ပြောခဲ့တယ်။ သူက ဘာကိုရည်ရွယ်ပြီး ပြောခဲ့တာလဲ။

 

Most Read

Most Recent