ဂရင်းဝုဒ်ရဲ့အနာဂတ်ဟာ ဘယ်လိုများလဲ

ဂရင်းဝုဒ်ရဲ့အနာဂတ်ဟာ ဘယ်လိုများလဲ
Photo : Getty Images
Photo : Getty Images
Published 4 April 2024
AK

ခွဲခြားဆက်ဆံမှုဆိုတာရဲ့ အနှစ်သာရကို ကျွန်တော် သေချာနားမလည်တော့ဘူး။ ခေတ်အဆက်ဆက် ခွဲခြားတိုက်ဖျက်လာတယ်။ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု၊ ကိုးကွယ်ရာဘာသာတရား ခွဲခြားမှု၊ ယုံကြည်စိတ် အနုပညာ ဝါသနာခွဲခြားမှု၊ ခွဲခြားဆက်ဆံခံရမှုဟာ ဆုံးနိုင်မယ် မထင်ဘူး။ မင်းကွန်းဆရာတော်ဘုရားကြီးက လူအချင်းချင်း လှည့်ပတ်ခြင်းကင်းဝေးကြပါစေလို့ မေတ္တာပို့တယ်။ လူတွေရဲ့ မေတ္တာတရားဟာ အပေါ်ယံအရေပြားတစ်ထောက်စာပဲ။ တကယ်တမ်းတော့ လူ အများစုဟာ တစ်ယောက်နဲ့ တစ်ယောက် တကယ်မေတ္တာမရှိကြပါဘူး။ ကရုဏာအရိပ်တွေ လူမြင်ကွင်းထဲ သရုပ်ဖော်ချင်နေတာ၊နှလုံးသားအတွင်းနံရံက လာတဲ့ကရုဏာမေတ္တာဆိုတာ တကယ်ရှားတယ်။

 

Most Read

Most Recent