အာနိုးလ်အား ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ် အသင့်ရှိနေ

အာနိုးလ်အား ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ် အသင့်ရှိနေ
Photo: X
Photo: X
Published 25 March 2024

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်ကြယ်ပွင့်နောက်ခံလူ အာနိုးလ်အား ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် တစ်နှစ်ကျော်သာ စာချုပ်သက်တမ်း ကျန်ရှိတော့သောကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

ဗြိတိန်အခြေစိုက်မီဒီယာ The Sun ၏ ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ကာဗာဟယ်လ်တစ်ယောက်သာရှိသည့် ညာနောက်ခံနေရာအတွက် အာနိုးလ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကိုလည်း ပစ်မှတ်ထားခဲ့ဖူးပြီး ကစားသမား၏ ကြံ့ခိုင်မှုပြဿနာကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။