■ ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ ဂျာရတ်ဂီးလတ် RefCam တပ်ဆင်ကြီးကြပ်ခဲ့

■ ခရစ္စတယ်ပဲလေ့စ်နှင့် ယူနိုက်တက်တို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ ဂျာရတ်ဂီးလတ် RefCam တပ်ဆင်ကြီးကြပ်ခဲ့
Photo: Gettyimages
Photo: Gettyimages
Published 7 May 2024

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ ဂျာရတ်ဂီးလတ်သည် RefCam ဟု အမည်ပေးထားသည့် ဗီဒီယိုကင်မရာကို သူ၏ ဒိုင်လူကြီးဝတ်စုံတွင် တပ်ဆင်ကာ ကိုင်တွယ်ခဲ့သည်။

ကွင်းလယ်ဒိုင်များအတွက် ပွဲကိုကြီးကြပ်ရာတွင် ပိုမိုအထောက်အကူပြုစေရန်အတွက် ရုပ်သံကင်မရာများတွင် မမြင်တွေ့ရသည့် မြင်ကွင်းများကို ထပ်မံမြင်တွေ့ရမည်ဖြစ်ပြီး ကွင်းလယ်ဒိုင်အနေဖြင့် ပွဲချိန်တစ်လျှောက်လုံးမှ ကွင်းအတွင်းလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

RefCam ဟု အမည်ပေးထားသည့် ယင်းစနစ်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်ဖြစ်သည့် ဖရန့်ဖတ်နှင့် ဝုလ်ဖ်ဘတ်တို့ပွဲစဉ်တွင် တပ်ဆင်အသုံးပြုခဲ့ဖူးသည်။

ပြီးခဲ့သည့်နွေရာသီကလည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးတစ်ဦးဖြစ်သူ ရော့ဘ်ဂျုံးစ်သည် ချယ်လ်ဆီးနှင့် ဘရိုက်တန်တို့ ကစားခဲ့သည့် Summer Series ပွဲစဉ်တွင် အသုံးပြုခဲ့ဖူးကြောင်း သိရသည်။

 

Most Read

Most Recent