ဆာလာ၏နေရာတွင် အစားထိုးရန်အတွက် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ခီယေဆာကို ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်

ဆာလာ၏နေရာတွင် အစားထိုးရန်အတွက် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ခီယေဆာကို ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်
Photo : Getty Images
Photo : Getty Images
Published 6 June 2024

လီဗာပူးလ်အသင်းသည် အနာဂတ်လှုပ်ခတ်နေသည့် အသင်းတိုက်စစ်ကစားသမား ဆာလာ၏နေရာတွင် အစားထိုးရန်အတွက် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ခီယေဆာကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

အသက် (၃၁) နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ ပြီး ယခုနွေတွင် ၎င်းအား ခေါ်ယူရန် ဆော်ဒီကလပ်များက ပစ်မှတ်ထားနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ယခင်က ဆာလာအတွက် ဆော်ဒီကလပ်များ၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သော်လည်း လက်ရှိတွင် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်နေကြကြောင်း သိရှိရသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဆာလာ၏နေရာတွင် အစားထိုးရန်အတွက် အီတလီတိုက်စစ်ကစားသမား ခီယေဆာ(၂၆ နှစ်)ကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

ခီယေဆာသည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ သူဖြစ်သည်။ ထို့ပြင် ခီယေဆာအနေဖြင့် နည်းပြသစ် မော့တာ၏အစီအစဉ်တွင် ပါဝင်ခြင်းမရှိသဖြင့် ယခုနွေတွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၎င်းကို ရောင်းထုတ်ဖွယ်ရှိနေသည်။

ခီယေဆာ၏ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း (၇၀) ဝန်းကျင်ရှိပြီး ၎င်းကိုခေါ်ယူရန် လီဗာပူးလ်အပြင် ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent