ဘာစီလိုနာအသင်းတွင် ရိုကေး ပွဲကစားခွင့်နည်းပါးခြင်းမှာ ၎င်းထက် ပိုကောင်းသည့်ကစားသမားများရှိနေခြင်းကြောင့်ဖြစ်သည်ဟု နည်းပြ ဇာဗီ ရှင်းလင်း

ဘာစီလိုနာအသင်းတွင် ရိုကေး ပွဲကစားခွင့်နည်းပါးခြင်းမှာ ၎င်းထက် ပိုကောင်းသည့်ကစားသမားများရှိနေခြင်းကြောင့်ဖြစ်သည်ဟု နည်းပြ ဇာဗီ ရှင်းလင်း
Photo: Fabrizio
Photo: Fabrizio
Published 16 May 2024

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းလူငယ်တိုက်စစ်ကစားသမား ရိုကေးအနေဖြင့် ဘာစီလိုနာအသင်းတွင် ပွဲကစားခွင့်နည်းပါးခြင်းမှာ ၎င်းထက် ပိုကောင်းသည့်ကစားသမားများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

အသက် (၁၉)နှစ်အရွယ်ရှိ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား ရိုကေးသည် ၂၀၂၄ ဇန်နဝါရီတွင် ဘရာဇီးလ်ကလပ် အက်သလက်တီကိုပါရာနန်စီအသင်းမှ ဘာစီလိုနာအသင်းထံသို့ ယူရိုသန်း (၄၀) ဖြင့် ရောက်ရှိလာခဲ့သည်။

၎င်းသည် ဘာစီလိုနာအသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး (၃၁၀) မိနစ်သာ ပွဲကစားခွင့်ရထားသည်။

ထို့ကြောင့် ရိုကေး၏အေးဂျင့်ဖြစ်သူက ၎င်း၏ကစားသမားအနေဖြင့် လာမည့်နွေတွင် အသင်းပြောင်းဖွယ်ရှိကြောင်း သတိပေးထားသည်။

ယခုအခါ ဇာဗီက ''ရိုကေးကို လာမယ့်နွေမှာမှ ခေါ်ယူဖို့ ကျွန်တော်တို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ သူ စောရောက်လာတယ်။ ဒီတော့ ဒီအသင်းမှာ သူ သင်ယူခွင့်ရပါတယ်။ ကျွန်တော်တို့က အသင်းနဲ့ သူ့အတွက် အကောင်းဆုံးကို လုပ်ဆောင်နေတာပါ။ ရိုကေးဟာ အသင်းရဲ့လေ့ကျင့်ရေးမှာ ကစားသမားတွေနဲ့ သိခွင့်ရတယ်။ သင်ယူခွင့်ရတယ်။ ဘာစီလိုနာမှာသူ ပွဲကစားခွင့်နည်းပါးတာက သူ့ထက် ပိုကောင်းတဲ့လူတွေ ရှိနေလို့ပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent