■ လာမည့် သုံးရက်အတွင်း အပူလှိုင်းကျမည်ဟု ဂရိမြို့ပြကာကွယ်ရေးဝန်ကြီး သတိပေး

■ လာမည့် သုံးရက်အတွင်း အပူလှိုင်းကျမည်ဟု ဂရိမြို့ပြကာကွယ်ရေးဝန်ကြီး သတိပေး
Published 13 June 2024

ဂရိနိုင်ငံသည် ဇွန် ၁၁ ရက်မှစတင်ကာ သုံးရက်ကြာ အပူလှိုင်းကျခြင်းကို ကြုံရမည် ဟု ဂရိမြို့ပြကာကွယ်ရေးဝန်ကြီးက ဇွန် ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

အပူချိန်များသည် ၄၀ ဒီဂရီဆဲလ်စီယပ်ကို ကျော်လွန်နေခြင်းနှင့်အတူ တောမီးလောင်မည့် အန္တရာယ်များ မြင့်တက်နေသည်ဟု ၎င်းက သတိပေးခဲ့သည်။ 

“အပူဟာ ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အမြင့်ဆုံးကို ရောက်လာပါ လိမ့်မယ်” ဟု ဝန်ကြီးဌာနချင်းပြုလုပ်သော အစည်းအဝေးမတိုင်မီ ဗက်ဆီးလက်စ်ကီကီ လီးယက်စ်က သတင်းထောက်များကို ပြော ကြားခဲ့သည်။ 

ထို့ကြောင့် ဂရိ၏တောမီး   အန္တရာယ် သတိပေးချက်ကို အဆင့်လေး သတ်မှတ်ထားသည်ဟု ဆိုသည်။ တောမီးအန္တရာယ် သတိပေးချက်အဆင့်ငါးရှိသည့် အနက် အဆင့်လေးဖြစ်သည့် အန္တရာယ်အ လွန်မြင့်မားဟူသော အဆင့်ကိုသတ်မှတ် ထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။     

         

ယခုသီတင်းပတ်အတွင်းတွင် အပူချိန်များ သည် ၄၃ ဒီဂရီဆဲလ်စီယပ်ကို ရောက်နိုင် သည်ဟု မိုးလေဝသပညာရှင်များက သတိ ပေးထားသည်။ 

အပူချိန်သည် ယခု သီတင်း ပတ်ကုန်တွင် ကျဆင်းသွားမည်ဟု ဆိုသည်။ ဂရိသည် ဧပြီလထဲတွင် သာမန်ထက်ပိုများ သော အပူချိန်များဖြစ်ပေါ်ခဲ့ပြီးနောက် စံ ချိန်တင်အပူဆုံး ဆောင်းရာသီကို ကြုံခဲ့ရ သည်။ တောမီးများသည် ဂရိနွေရာသီတွင် အမြဲတမ်းကြုံရသော ပြဿနာဖြစ်သည်။

Most Read

Most Recent