ကာတာလေကြောင်းလိုင်း၏ လေယာဉ်တစ်စီးတွင် လေအေးပေးစက် ချွတ်ယွင်းသွားခဲ့သဖြင့် ခရီးသည်များ အပူလွန်ပြီး နှာခေါင်းသွေးယိုမှုများ သတိလစ်မှုများ ဖြစ်ပွားခဲ့

ကာတာလေကြောင်းလိုင်း၏ လေယာဉ်တစ်စီးတွင် လေအေးပေးစက် ချွတ်ယွင်းသွားခဲ့သဖြင့် ခရီးသည်များ အပူလွန်ပြီး နှာခေါင်းသွေးယိုမှုများ သတိလစ်မှုများ ဖြစ်ပွားခဲ့
 Photo:Instagram
Photo:Instagram
Published 14 June 2024

ဂရိနိုင်ငံ အေသင်မြို့တော်မှ ကာတာ နိုင်ငံ ဒိုဟာမြို့တော်သို့ ပျံသန်းမည့် ကာတာလေကြောင်း လိုင်းမှလေယာဉ် တစ်စင်းသည် နည်းပညာချွတ်ယွင်းမှုကြောင့် အေသင်လေဆိပ်တွင် သုံးနာရီကျော်ကြာ ရပ်နားခဲ့ရပြီး ထိုအချိန်အတွင်း လေအေးပေးစက်လည်း ချွတ်ယွင်းခဲ့သဖြင့် လေယာဉ်ပေါ်ရှိ ခရီးသည် အချို့ သတိလစ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်သည်  ဂရိနိုင်ငံ၌ အပူချိန် ၄၃ ဒီဂရီ ယပ်စ်အထိ မြင့်တက်နေပြီး အပူလှိုင်းကျ နေချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အချို့ခရီးသည်များသည် လေယာဉ်ထဲတွင် အပူချိန်များမြင့်တက်လာမှုကြောင့် နှာခေါင်း သွေးယိုမှုများ၊ သတိလစ်မှုများဖြစ်ပွားခဲ့ကာ ခရီးသည်အချို့နှင့် လေယာဉ်အမှုထမ်းများ အကြား ခိုက်ရန်ဖြစ်ပွားလုနီးအခြေအနေထိ ရောက်ရှိခဲ့သည်။

ထို့နောက်ခရီးသည်များ၏ ဒေါသတကြီးစောဒကတက်မှုများကြောင့် ခရီးသည်များကို လေယာဉ်ပေါ်မှ ဆင်းခွင့်ပြုခဲ့ ကာ လေယာဉ်ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရသည်။

ကာတာလေကြောင်းလိုင်းကမူ ထိုဖြစ်စဉ်အတွက် တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ပြီး ခရီးသည်များကို နစ်နာကြေးများ လျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။      

Ref:CNA

         

Most Read

Most Recent