အရွယ်အစားသေးငယ်သည့် ဒရုန်းများ၏ တိုက်ပွဲအသာစီးရမှုသည် မကြာမီတွင် ကျဆင်းလာလိမ့်မည်ဖြစ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ်ပြောကြား

အရွယ်အစားသေးငယ်သည့် ဒရုန်းများ၏ တိုက်ပွဲအသာစီးရမှုသည် မကြာမီတွင် ကျဆင်းလာလိမ့်မည်ဖြစ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ်ပြောကြား
Published 22 June 2024

အရွယ်အစားသေးငယ်သည့် ဒရုန်းများ ၏ တိုက်ပွဲအသာစီးရမှုသည် မကြာမီတွင် ကျဆင်းလာလိမ့်မည်ဖြစ်ကြောင်း ပြင်သစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပီယာရီရှီးလ်က ပါရီမြို့တော်တွင် ပြုလုပ်သည့် Eurosatory ကာကွယ်ရေးပြပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အရွယ်အစားသေးငယ် သည့် ဒရုန်းများသည် စစ်မြေပြင်တွင် အသာ စီးရနေသော်လည်း ထိုအခိုက်အတန့်သည့် သမိုင်းတွင် အလွန်တိုတောင်းသည့်အခိုက် အတန့်တစ်ခုသာဖြစ်ကြောင်း ၎င်းက ပြော သည်။

ဒရုန်းဖျက်သည့် စနစ်များသည် နောက်ကျကျန်နေပြီး ဝေဟင်သည် အတားအဆီးမရှိ ဟင်းလင်းပွင့်နေကာ အလွန်ကျိုးပျက်လွယ် သည့်အခြေအနေတွင် ရှိနေချိန်တွင် ဒရုန်းများကို တန်ပြန်သည့် စီမံချက်များကို လုပ် ဆောင်နေကြောင်း ရှီးလ်က ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် ကာကွယ်ရေးပြပွဲတွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

ယနေ့အချိန်အထိ ယူကရိန်းစစ်မြေပြင် တွင် အသုံးပြုသည့် ဒရုန်းများ၏ ၇၅ ရာခိုင် နှုန်းသည် အီလက်ထရောနစ်စစ်ဆင်ရေးဖြင့် ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းင်းက ဆိုသည်။

“သေးငယ်ပြီး ရိုးရှင်းတဲ့ ဒရုန်းတွေရဲ့ အသာစီးရမှုဟာ အလွန်တိုတောင်းတဲ့ အချိန်ကာလတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီအချိန် ကာလကို အခွင့်ကောင်းယူပြီး ဒရုန်းတွေကို  အသုံးပြုနေတာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရပါမယ်။ ဒီနေ့ မှာ ဒရုန်းတွေဟာ အလွန်အစွန်းထက်တဲ့ ဓားတွေဖြစ်နေပြီး လေကြောင်းကာကွယ်ရေးစနစ်ဆိုတဲ့ ဒိုင်းတွေထက်ပိုပြီး အင်အားကြီးမားနေပါတယ်။ ဒိုင်းတွေကိုလည်း ပိုပြီး ခိုင်မာအောင် ပြုလုပ်နေပါပြီ”ဟု ရှီးလ်က ပြော ကြားခဲ့သည်။

ပြောင်းချောသေနတ်များ၊ အမြောက် များ၊ ဒုံးကျည်များအပါအဝင် ယခုနှစ် Eurosatory ပြပွဲတွင် ဒါဇင်နှင့်ချီသည့် ဒရုန်းဖျက်သည့် စနစ်များကို ပြသခဲ့ပြီး Safran , Thales နှင့် hensoldt ကုမ္ပဏီတို့သည် ဒရုန်းများကို အီလက်ထရောနစ်စနစ်ဖြင့် ဖျက်ဆီးသည့် စနစ်များကို ပြသခဲ့သည်။

ပြင်သစ်၏ scorpion ပူးပေါင်းတိုက် ခိုက်ရေး အစီအစဉ်၏ မော်တော်ယာဉ်များ သည် နှစ်နှစ်အတွင်း ဒရုန်းဖျက်သည့် စနစ် များဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုမော်တော် ယာဉ်များတွင် တပ်ဆင်ထားသည့် ဆုံလည် စက်သေနတ်များ၊ အမြောက်များသည် ဒုံး ကျည်များ သို့မဟုတ် ၄၀၀ မမ လေကွဲကျည် များကို ပစ်ခတ်နိုင်ပြီး ဒရုန်းများကို ထောက် လှမ်းသိရှိနိုင်သည့် စွမ်းရည်များရှိကြောင်း ရှီးလ်က ပြောကြားခဲ့သည်။

ကင်မရာတပ်ဆင်အသုံးပြုသည့် ဒရုန်း များသည် ယူကရိန်းစစ်မြေပြင်၏ ထိခိုက်ပျက် စီးမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ဖြစ်စေခဲ့ ပြီး လွန်ခဲ့သည့် ရှစ်လခန့်က ထိုစနစ်များ မရှိ ခဲ့ကြောင်း ရှီးလ်က ပြောသည်။

ထိုအခြေအနေသည် နောက်ထပ် ၁၀ နှစ်အထိ ဆက်လက်တည်ရှိနေလိမ့်မည်မ ဟုတ်ဘဲ လာမည့်တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွင်း အဆုံးသတ်ဖွယ်ရှိမရှိ မေးခွန်းထုတ် ရလိမ့်မည်ဟု ရှီးလ်က ဆိုသည်။

ဥပမာအနေဖြင့် ယူကရိန်းစစ်ပွဲအစပိုင်း က “စစ်ပွဲ၏ ဘုရင်” ဟု တင်စားခံခဲ့ရသည့် Bauraktar ဒရုန်းများသည် နှိမ်နင်းခံရရန် အလွန်လွယ်ကူသဖြင့် လက်ရှိတွင် အသုံးမပြု တော့ကြောင်း ရှီးလ်က ပြောသည်။

ယူကရိန်းစစ်ပွဲကြောင့် ပြင်သစ်သည် အလျင်နှုန်းနှင့် ရွေ့လျားမှုနှုန်းကို အဓိက ထားသည့် အလတ်စားကျည်ကာကားများ ထုတ်လုပ်ရန် ရွေးချယ်ခဲ့ကြောင်း ၎င်းင်းက ဆို သည်။

Griffon, Serval နှင့် jaguar အမည်ရှိ ထိုကျည်ကာကားများကို scorpion အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ် ကျည်းတပ်က မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး ထိုကားများတွင် ခေတ်မီကာကွယ်ရေးစနစ် များတပ်ဆင်ထားပြီး မြေမြှုပ်မိုင်းဒဏ်ကို လည်း ကာကွယ်နိုင်ကြောင်း ရှီးလ်က ပြော သည်။

ပြင်သစ်စစ်တပ်သည် scorpion အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နှစ်စဉ် griffon ကား အစီးရေ ၁၂၀၊ serval ကား အစီးရေ ၁၂၀ ခန့်နှင့် jaguar ကားအစီး ၂၀ ကျော် လက်ခံရရှိလျက်ရှိသည်။

ထိုကားများတွင် အလွန်ကောင်းမွန် သည့် အချက်အလက်စနစ်များတပ်ဆင်ထား ပြီး griffon ကားတွင် Rafale တိုက်လေ ယာဉ်ထက်ပိုပြီး lines of codes ပိုမိုများပြား စွာပါဝင်ကြောင်း ရှီးလ်က ပြောသည်။

Leclerc အဓိက တိုက်ပွဲဝင် တင့်ကား ကဲ့သို့ scorpion အစီအစဉ်မတိုင်မီ ထုတ် လုပ်ခဲ့သည့် စစ်သုံးယာဉ်များသည် ပူးပေါင်း တိုက်ခိုက်ရေးစနစ်၏ အစိတ်ပိုင်းတစ်ခုဖြစ် လာခဲ့ပြီး ဥပမာအနေဖြင့် ယာဉ်တစ်စီးက ပစ်မှတ်ကို ထောက်လှမ်းသိရှိချိန်တွင် နောက် ယာဉ်တစ်စီးက ပစ်မှတ်ကို တိုက်ခိုက်ခြင်းဖြစ် သည်။

Scorpion အစီအစဉ်သည် အလွန် ရည်မှန်းချက်ကြီးသည့် လုပ်ငန်းဖြစ်ပြီး မျှော် မှန်းချက်များနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း ရှီးလ် က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စီစဉ်ထားခဲ့တာတွေဟာ ပြီးပြည့်စုံခဲ့ပါတယ်။ ဒါပေမယ့် သေချာတဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ကိုယ့် ဘက်က ရင်းရမယ့် အရာတွေကိုလည်း ထည့် သွင်းစဉ်းစားရမှာပါ”ဟု ရှီးလ်က ပြောသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က မစဉ်းစားမိခဲ့ သည့် အရာတစ်ခုမှာ ကွန်ပျူတာ၏ ဗဟိုတွက် ချက်မှုအစိတ်အပိုင်များ လျင်မြန်စွာတိုးတက် လာခြင်းဖြစ်သည်။

ထို့ကြောင့် မော်တော်ယာဉ်အပြင်ဘက် ကိုထွက်စရာမလိုဘဲ မော်တော်ယာဉ်အတွင်း မှာပင် အချက်အလက်များကို စုဆောင်းနိုင် စွမ်းရှိလာခဲ့သည်။

ထို့ပြင် AI  နည်းပညာနှင့် ပေါင်းစပ်လိုက် သည့်အခါတွင် ဒရုန်းများအပါအဝင် ခြိမ်း ခြောက်မှုများကို ချက်ချင်းထောက်လှမ်းသိ ရှိနိုင်ခြင်းကဲ့သို့ စွမ်းဆောင်ရည်များကို ရရှိစေ လိမ့်မည်ဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် သင်ခန်းစာယူရမည့် အခြေအနေများကို လေ့လာကြည့်ချိန်တွင် မြေပြင်တွင် အမှန်တကယ်တိုက်ခိုက်နေရ သည့် တိုက်ပွဲအခြေအနေ၊ မြေပြင်အနေအ ထားနှင့် ခန့်မှန်းရသည့် အခြေအနေအကြား ကွဲကွဲပြားပြား သိရှိနားလည်ရန် လိုအပ် ကြောင်း ရှီးလ်က ပြောသည်။

မိမိတို့အနေဖြင့် စွယ်စုံရသည့် စစ်တပ် ကို ဆက်လက်ထားရှိရမည်ဖြစ်ကြောင်း ရှီးလ် က ပြောသည်။

ပြင်သစ်သည် မတူညီသည့် စစ်နယ်ဝန်း များတွင် စစ်တပ်ကို သီးခြားစီခွဲပြီးစေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမရှိကြောင်း ဥပမာအားဖြင့် လျင်မြန်ဖြတ်လတ်မှုရှိသည့် ဝင်ရောက်တိုက် ခိုက်သည့် စစ်တပ်နှင့် ယန္တရားတပ်တို့သည် ယူကရိန်းတွင် လက်ရှိတိုက်ခိုက်နေသည့် စစ် ပွဲအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်ကြောင်း၊ ထို တပ်ဖွဲ့များသည် အကြမ်းခံသည့် ကျည်ကာ ယာဉ်များကို အသုံးပြုနေသော်လည်း မြေမြုပ် မိုင်းများနင်းမိပါက အဖွဲ့သားများ သေဆုံး နိုင်ခြေရှိကြောင်း ရှီးလ်က ပြောသည်။

ရှီးလ်က ပြင်သစ်စစ်တပ်၏ စစ်သည် တော် လက္ခဏာသွင်ပြင်ကို ထိန်းသိမ်းထားရန် ဆန္ဒရှိကြောင်း၊ စစ်သားတိုင်းသည် မည်သည့် စစ်ဆင်ရေးတွင်မဆို ပါဝင်ဆောင်ရွက်နိုင် သည်ဆိုသည့်အချက်ကို သိရှိနားလည်ထား စေလိုကြောင်း ပြောကြားခဲ့သည်။

စစ်ဘက်သုံးဒရုန်း ထုတ်လုပ်ရေး အခြေ အနေအရ စစ်တပ်သည် ပိုမိုကြီးမားသည့် အစီအစဉ်များ လုပ်ဆောင်ခြင်းမရှိကြောင်း အဘယ်ကြောင့်ဆိုသော် ဝယ်ယူထားသည့် ဒရုန်းများ၏ စွမ်းဆောင်ရည်များသည် ငါးလအတွင်း အသုံးမဝင်ဘဲ ဖြစ်လာနိုင်ခြင်း ကြောင်းဖြစ်ကြောင်း ရှီးလ်က ပြောသည်။

ယနေ့ခေတ် ဒရုန်းများသည် လွန်ခဲ့သည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်က ထုတ်လုပ်ထား သည့် ဒရုန်းများထက်ပိုမိုကောင်းမွန်စွာ ပျံ သန်းနိုင်ကြောင်း မြေပြင်အခြေစိုက် လမ်း ကြောင်းပြစနစ်ကို အသုံးပြုနိုင်ခြင်း သို့မဟုတ် ကြားဖြတ်ဟန့်တားခံရမှုကို ရှောင်ရှားရန် ကြိမ်နှုန်းများကို ပြောင်းလဲခြင်းတို့ လုပ် ဆောင်နိုင်ကြောင်း ရှီးလ်က ပြောသည်။

သို့သော် ဒရုန်းများကို ၁၅၅ မမ အ မြောက်ကျည်ဆန်များဖြင့် မနှိုင်းယှဉ်နိုင် ကြောင်း၊ ထိုအမြောက်ကျည်ဆန်များသည် လက်နက်တိုက်အတွင်း သိုလှောင်ထားနိုင် ကာ ၁၀ နှစ်အထိ ထားရှိနိုင်ကြောင်းနှင့် စစ် တပ်အနေဖြင့် လျင်မြန်စွာ ပြောင်းလဲတိုးတက် နေသည့် နည်းပညာသစ်ကို အမှီလိုက်ရန် လိုအပ်ကြောင်း ရှီးလ်က ပြောသည်။

 နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမှီ လိုက်ရန်အတွက် အနာဂတ်တွင် ဒရုန်းများ၊ ရေဒီယိုအသေးစားများနှင့် စမတ်ဖုန်းများ ကဲ့သို့ အီ လက်ထရောနစ်ပစ္စည်းများ ဝယ်ယူ မှုကို အသုတ်လိုက်ခွဲပြီး ဝယ်ယူူသွားမည်ဖြစ် ကြီး ပြင်သစ်စစ်တပ်တစ်တပ်လုံးကို နည်းပ ပညာမြင့်ပစ္စည်းများ တပ်ဆင်ပေးရန် တပ်မ ဟာအဆင့်ဖြင့် အစီအစဉ်များချမှတ်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရှီးလ်က ပြော သည်။

ပြင်သစ်-ဂျာမန်လုပ် အဓိက မြေပြင် တိုက်ခိုက်ရေးစနစ်၏ အနာဂါတ်နှင့်ပတ် သက်ပြီး ထိုစနစ်တွင် စစ်ဘက်သုံးယာဉ်အချို့ ပါဝင်မည်ဖြစ်ကြောင်း အချို့ယာဉ်များသည် မောင်းသူမဲ့ယာဉ်များဖြစ်ကာ ဒရုန်းဖျက်သည့် လက်နက်များ၊ လေယာဉ်ဖျက်စွမ်းဆောင်ရည် များ၊ ဒုံးကျည်များနှင့် အမြောက်များ တပ်ဆင် နိုင်လိမ့်မည်ဖြစ်ကြောင်း ရှီးလ်က ပြောကြား ခဲ့သည်။

ထိုလက်နက်စနစ်များအားလုံးတပ်ဆင် လိုက်မည်ဆိုပါက တင့်ကားတစ်စီး၏ အလေး ချိန်သည် ၈၀ မက်ထရစ်တန်အထိ ရှိလာနိုင် သဖြင့် လက်နက်စနစ်အားလုံးတပ်ဆင်ရန် မဖြစ်နိုင်ပေ။

ထိုစနစ်ကို အကောင်အထည်ဖော်မှု သည် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်နိုင်မည် ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် မြေပြင် အခြေစိုက် စက်ယန္တရားများတပ်ဆင်မှုသည် အလုံးစုံ မပြီးစီးသေး၍ဖြစ်ကြောင်း ရှီးလ်က ပြောသည်။

အနာဂတ် တင့်ကားစနစ်အတွက် အဓိ က အမြောက်၏ အရွယ်အစားကို မသိရသေး ကြောင်းနှင့် ရေဒါရှောင်လွှဲနိုင်သည့် စွမ်းရည်၊ ရွေ့လျားစွမ်းရည်တို့အပေါ် မူတည်ပြီး အ မြောက်ကို တပ်ဆင်သွားလိမ့်မည်ဖြစ်ကြောင်း ရှီးလ်က ပြောသည်။

MGCS အစီအစဉ်တွင် ပါဝင်သည့် KNDS ကုမ္ပဏီသည် တင့်ကားတွင် ၁၂၀ မမ သို့မဟုတ် ၁၄၀ မမကို ပြောင်းလဲတပ်ဆင်  နိုင်သည့် အမြောက်ပြောင်းကို ပြသခဲ့သည်။

ပြင်သစ် Leclerc တင့်ကားသည် လက်ရှိ XLR ဗားရှင်းထက်ကျော်လွန်ပြီး ဒုတိယ မြောက် အဆင့်မြှင့်တင်မှု ပြုလုပ်ခံရဖွယ်မရှိ ကြောင်း ရှီးလ်က ပြောသည်။ ပြင်သစ်-ဂျာ မန် သဘောတူညီချက်သည် ၂၀၄၀ ပြည့်နှစ် တွင် မျိုးဆက်သစ်စနစ်တစ်ခုအတွက်ဖြစ် သည်ဟု ၎င်းကဆိုသည်။

ပြင်သစ်သည် Leclerc တင့်ကားများ ကို အသုံးပြုသည့် ယူအေအီးနိုင်ငံအတွက်  တင့်ကားများကို အဆင့်မြှင့်တင်မွမ်းမံဖွယ်ရှိ ကြောင်း ရှီးလ်က ပြောသည်။

MGCS အစီ အစဉ်သည် Leclerc တင့်ကားများ၏ အဆုံး သတ်ဖြစ်လာဦးမည်မဟုတ်ဘဲ ထိုတင့်ကား များကို ပြင်သစ်စစ်တပ်တွင် ၂၀၄၅ ခုနှစ် အထိ အသုံးပြုဖွယ်ရှိသည်ဟု ရှီးလ်က ပြော ကြားခဲ့သည်။             Ref: Defense News

Most Read

Most Recent