ပူတာအိုမြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မဒိမ်း လူသတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဒေသခံလူငယ်ထောင်ကျော် ဆန္ဒထုတ်ဖော်

ပူတာအိုမြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မဒိမ်း လူသတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဒေသခံလူငယ်ထောင်ကျော် ဆန္ဒထုတ်ဖော်
Published 14 May 2024

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မဒိမ်း လူသတ်မှုအတွက် အမှုမှန်ပေးပေါက်ရေးနှင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဒေသခံလူငယ်ထောင်ကျော် မေ ၁၃ ရက်က ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“လူမျိုးစုံ လူငယ်တွေပါပဲ။ လူကတော့ တစ်ထောင်ကျော်မယ်။ အဓိကတော့ အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်ဒဏ်ပေးနိုင်ရေးပေါ့။ ကျူးလွန်သူလည်း မနေ့က ဖမ်းမိထားပြီလို့ ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ကျူးလွန်ခဲ့တာလို့ သိရတယ်။ ညနေပိုင်းတော့ သဂြိုင်္ဟ်မှာပေါ့” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

အဓမ္မပြုကျင့် သတ်ဖြတ်သူဟု ယူဆရသူသည့် မိန်းကလေးထံမှ လုယူခဲ့သည့် ဖုန်းကို သွားရောက်ပေါင်နှံရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ် ကျော်သူရဆိုသူဖြစ်ပြီး လေယာဉ်ကွင်း ရပ်ကွက်တွင် သံပန်းလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်မှုကို ဝန်ခံထားပြီး ပူတာအို မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၇၆ (မဒိမ်းမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်သည် မေ ၁၀ ရက် နေ့လယ်ပိုင်းတွင် အိမ်မှ စားဆီးဝယ်ရန် ထွက်သွားစဉ် ပျောက်ဆုံးခဲ့ပြီး အိမ်ပြန်မရောက်သဖြင့် ရှာဖွေရှာတွင် ည ၁၂ နာရီခန့်တွင် သက်ငယ်တောအတွင်း ပြန်လည်တွေ့ရှိခဲ့သည်။