ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) နေပြည်တော်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) နေပြည်တော်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ဆွေးနွေး
Published 16 May 2024

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ မေ ၁၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မေ ၁၄ ရက်မှ ၁၆ ရက်အထိ ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ သင်တန်းသား စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယလေတပ်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent