ဘရစ်တနီစပီယားနှင့် ဆမ်အက်စ်ဂါရီတို့ တရားဝင်ကွာရှင်းပြတ်စဲ

ဘရစ်တနီစပီယားနှင့် ဆမ်အက်စ်ဂါရီတို့ တရားဝင်ကွာရှင်းပြတ်စဲ
Photo: AFP
Photo: AFP
Published 4 May 2024

အဆိုတော် ဘရစ်တနီစပီးယားနှင့် သရုပ်ဆောင် ဆမ်အက်စ်ဂါရီီတို့သည် မေ ၃ ရက်က လော့စ်အိန်ဂျလိစ်ကောင်တီ တရားသူကြီးတစ်ဦး၏ရှေ့မှောက်တွင် ကွာရှင်းပြတ်စဲမှုကို အပြီးသတ်လုပ်ဆောင်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် နှစ်နှစ်နီးပါးအကြာတွင် ကွာရှင်းခဲ့ကြခြင်းဖြစ်သည်။

ဘရစ်တနီစပီးယားသည် ၎င်း၏ ဖခင်ဖြစ်သူနှင့် အုပ်ထိန်းမှုဆိုင်ရာ တရားရေးပြဿနာကို တရားရုံးတွင် ကျေလည်မှုရရှိခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အက်စ်ဂါရီနှင့် အပြီးသတ်ကွာရှင်းခဲ့ခြင်းဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် ဘရစ်တနီစပီးယားနှင့် အသက် ၃၀ အရွယ် အက်စ်ဂါရီတို့သည် ၎င်းတို့၏ ကွာရှင်းပြတ်စဲမှု ပြီးပြတ်ပြီဖြစ်ကြောင်း တရားရုံးကို အကြောင်းကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တရားရုံးစီရင်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေ ၂ ရက်နှင့် ၃ ရက်က ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ခွဲဝေမှုနှင့် ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ကြောင်း တရားရုံးကို တင်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အနည်းငယ်သာ ထွက်ပေါ်ခဲ့သော်လည်း ဘရစ်တနီစပီးယားနှင့် အက်စ်ဂါရီတို့သည် တစ်ဦးနှင့်တစ်ဦးထောက်ပံ့ရမည်မဟုတ်ကြောင်း သိရသည်။

အက်စ်ဂါရီ၏ ကနဦး အသနားခံစာတွင် သူသည် ငွေကြေးထောက်ပံ့မှုကို ရယူလိုကြောင်း တောင်းခံခဲ့သည်။

အနာဂတ်တွင် အငြင်းပွားမှုများရှိလာခဲ့မည်ဆိုပါက ပုဂ္ဂိုလ်ရေးဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းရမည်ဖြစ်သည်။

ဘရစ်တနီစပီးယားနှင့် အက်စ်ဂါရီတို့သည် ပြီးခဲ့သည့်နှစ်  ဇူလိုင်လကတည်းက ခွဲနေခဲ့ကြခြင်းဖြစ်ပြီး သြဂုတ်လတွင် အက်စ်ဂါရီက တရားရုံးတွင် ကွာရှင်းခွင့်တောင်းခံခဲ့သည်။

၎င်းတို့နှစ်ဦးသည် ခုနစ်နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်ကွာရှင်းသည့်အချိန်အထိ သာသမီးမရှိသဖြင့် အုပ်ထိန်းခွင့်သဘောတူညီချက်လိုအပ်ခဲ့ခြင်းမရှိပေ။

Most Read

Most Recent