အဏုုုမြူစစ်ပွဲအကြောင်း ရုပ်ရှင်တစ်ကားဖန်တီးရန် ဒါရိုက်တာ ဒန်းနစ်ဗီလီနျူဗီနှင့် Legendary ကုမ္ပဏီတို့ ဆွေးနွေးနေ

အဏုုုမြူစစ်ပွဲအကြောင်း ရုပ်ရှင်တစ်ကားဖန်တီးရန် ဒါရိုက်တာ ဒန်းနစ်ဗီလီနျူဗီနှင့် Legendary ကုမ္ပဏီတို့ ဆွေးနွေးနေ
Published 7 April 2024

“Dune:Part Two”ရုပ်ရှင် သည် အောင်မြင်မှုကြီး ရရှိခဲ့ပြီးနောက် ဒါရိုက်တာဒန်းနစ်ဗီလီနျူဗီ နှင့် Legendary ကုမ္ပဏီတို့က Dune 3 နှင့် အဏုုမြူစစ်ပွဲအကြောင်း ရုပ်ရှင်တစ်ကားဖန်တီးရန် ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

ဗီလီနျူဗီသည် အန်နီဂျေကော့၏ ပူလစ်ဇာဆုအတွက် နောက်ဆုံးစာရင်းဝင် “Nuclear War: A Scenario” ကို အခြေခံ၍ Legendary ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိသည်ဟု Variety သတင်းတွင် အတည်ပြုထားသည်။

Legendary ကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် ဗီလီနျူဗီနှင့်အတူ တတိယမြောက် Dune ရုပ်ရှင်ကို ရိုက်ကူးနေပြီဖြစ်ကြောင်း အတည်ပြုထားသည်။

Legendary က ဂျေကော့ဆန်၏ ဝတ္ထုတွင် ဇာတ်ညွှန်းရုပ်ရှင် မူပိုင်ခွင့်များကို ရွေးချယ်ခဲ့သည်။ဗီလီနျူဗီသည် လက်ရှိတွင် ထုတ်လုပ်ရန်၊စီမံဆောင်ရွက်ရန် သို့မဟုတ် ဒါရိုက်တာအဖြစ် လုပ်ဆောင်ရန် စတူဒီယိုနှင့် ဆွေးနွေးနေကြောင်း သိရသည်။ ၎င်း၏ထုတ်လုပ်ရေးမိတ်ဖက် တန်ညာလာပွိုင့်တီကလည်း ယင်းရုပ်ရှင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

မတ် ၂၆ ရက်က ထွက်ရှိသည့် ဂျေကော့ဆန်၏ စာအုပ်သည် စစ်ဘက်ပညာရှင်နှင့် အရပ်ဘက်ပညာရှင်များ၏ အင်တာဗျူးများ၊ သုံးသပ်ချက်များကို အခြေတည်ရေးသားထားသည့် နျူကလီးယားစစ်ပွဲ၏ ဖြစ်နိုင်ခြေကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။

ဗီလီနျူဗီ၏ “Dune:Part Two”သည် ကမ္ဘာတစ်ဝန်းတွင် ရုံတင်အမြတ်ငွေ ဒေါ်လာသန်း ၆၃၀ ရရှိထားသည်။ လက်ရှိ ၂၀၂၄ခုနှစ်တွင် ရုံတင်ဝင်ငွေ အများဆုံးဖြစ်နေသည့် ယင်းရုပ်ရှင်တွင် တီမိုသီချားလမက်၊ ဇန်ဒါရာနှင့် အခြားဟောလိဝုဒ် A-list စာရင်းဝင်များက ပါဝင်သရုပ်ဆောင်ထားကြသည်။ဗီလီနျူဗီ၏ ပထမဆုံး Dune ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်တွင် ရုံတင်ပြသခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ရုံတင်အမြတ်ငွေ ဒေါ်လာ၄၀၂ သန်းရရှိခဲ့သည်။

 

Most Read

Most Recent