■ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ Show ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချလျက်ရှိ

■ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ Show ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချလျက်ရှိ
Published 7 April 2024

စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ Show ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့  အမှတ်တရ Show ပွဲအား အမှတ် ၃၇-B ၊ ဦးထွန်းငြိမ်းလမ်း၊ Inya Lake Garden Compound Mayangone တွင်ပြုလုပ်မည်ဖြစ်ပြီး လက် မှတ်များအား ဧပြီလ အစပိုင်းမှ စတင်ကာ ရောင်းချလျှက်ရှိကြောင်း သိရသည်။

လက်မှတ်များအား အွန်လိုင်းမှ ရောင်း ချလျှက်ရှိကာ လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူနိုင်မည့် KBZ Pay, KBZ Bank Account, AYA Bank Account နှင့် CB Bank Account များ၏ ဖုန်းနံပါတ်များမှာ လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နှံ့လျှက်ရှိသည်။

ငွေလွှဲစလစ်တွင် မှတ်ချက်အနေဖြင့်  April 10 ဟု ရေးပေးရန်နှင့် ငွေလွှဲစလစ်ပို့  ပေးရန်လိုကြောင်း သိရသည်။

“လက်မှတ်က တစ်သိန်းပါ။ဝင်ကြေးပါ။ ကျန်တာဘာမှ မပါပါဘူး။ဝင်ကြေးတစ်သိန်း က  Stand ပါ။လူသုံးထောင်ဆံ့ပါတယ်” ဟု Inya Lake Garden မှ စုံစမ်းသိရှိရသည်။

ဧပြီ ၁၀ ရက်တွင် Show ပွဲ  ပြုလုပ်မည်ကို စိုင်းစိုင်းခမ်းလှိုင်၏ Fan Group များမှ စတင်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း သိရ  သည်။

“မကြည့်ရတာ ကြာပြီလေ။လက်မှတ် လည်း မှာပြီးပါပြီ။စိုင်းစိုင်းဖန်တွေ ကနေ မွေးနေ့ရှိုးလုပ်မယ်ဆိုတာကို သိရလို့ လိုက်စုံစမ်းကြည့်ရင်း သိသွားတာပါ” ဟု ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌  ပြုလုပ်မည့် Show ပွဲ လက် မှတ်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှာ ၂၀၀၄ ခုနှစ်မှစတင်ကာ Birthday Show  အား ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နောက်ဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု Show ပွဲ လက်မှတ် မှာ ၄င်းပြုလုပ်ခဲ့သည့်ပွဲများအနက် စျေးအကြီးဆုံးဖြစ် ကြောင်းသိရသည်။

         

         

Most Read

Most Recent