လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး)သင်တန်း မြဝတီခရိုင်​ဆေးရုံ ကြီးတွင်  ရက်သတ္တပတ်(၂)ပတ်ကြာပို့ချ

လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး)သင်တန်း မြဝတီခရိုင်​ဆေးရုံ ကြီးတွင်  ရက်သတ္တပတ်(၂)ပတ်ကြာပို့ချ
Published 20 July 2026

ကရင်ပြည်နယ်၊မြဝတီ မြို့ ၊ခရိုင်ပြည်သူ့ ​ဆေးရုံ ကြီးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးပြီး  လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)သင်တန်းကို  ဇူလိုင်လ ၁၇ ရက်​နေ့က စတင်ကျင်းပလျှက်ရှိရာ ဇူလိုင်လ ၃၀ ရက်​နေ့ထိ  ရက်သတ္တပတ်(၂) ပတ်ကြာ ပို့ချပေးသွားမည်ဖြစ်​ကြောင်းသိရသည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ထဲမှ ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး လူထုအကြား ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာများ ပြန့်ပွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းပေးရခြင်းဖြစ်ကြောင်း မြဝတီမြို့နယ် ကျန်းမာရေးမှုး ဒေါ်စမ်းစမ်းထွေးက ပြောသည်။

“ကျန်းမာ​ရေးဌာန ဦးစီးပြီးတစ်နိုင်ငံလုံး တပြိုင်တည်း လုပ်တာပါ၊ဌာနအသးသီးက ကျန်းမာ​ရေးလုပ်သား​တွေကို ဆင့်ပွား ပို့ချ​ပေးတာ​ပေါ၊ခုတက်​ရောက်လာတဲ့သူ​တွေ ဘယ်​ရောဂါဘယ်လို၊ဘာ​ကြောင့်ဖြစ်တယ်၊ဘယ်လိုကာကွယ်ရမယ်ဆိုတာသိသွားရင်း အများကြီးအသိ ပညာ​တွေ ပြန့်ပွားသွားမှာပါ။လာမယ့်ဇူလိုင်လ ၃၀ ရက်​နေ့ထိ ပို့ချ​ပေးသွားမှာ ဖြစ်ပါတယ်"ဟု မြဝတီမြို့နယ် ကျန်းမာ​ရေးမှူးဒေါ်စမ်းစမ်း​​ထွေးက ​ပြောသည်။

အဆိုပါသင်တန်းသို့ မြဝတီခရိုင်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသား/သင်တန်းသူ (၂၆ ) ဦး တက်ရောက်လျှက်ရှိသည်။သင်တန်းကာလမှာ  (၁၄)ရက် ဖြစ်ပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက သင်ကြားပို့ချပေးသွားမည်ဟုသိရသည်။

အဓိကအားဖြင့် လူထုကြား၌ ကူးစက်ပျံ့နှံ့တတ်​သော  သွေးလွန်တုပ်ကွေးရောဂါ ၊ HIV ရောဂါပိုးနှင့် ပတ်သက်သည့်  သိကောင်းစရာအကြောင်းအရာများနှင့် လူထုအကြားအဖြစ်များသည့်  ကူးစက်ရောဂါနှင့်  ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို သင်ကြားပို့ချသွားမည်ဟု သိရသည်။

ယခု ပို့ချ​ပေးလျက်ရှိ​သော သင်တန်းကာလ ပြီးဆုံးပါက အရပ်ဘက်အဖွဲ့အစည်းများ၊သင်တန်းတက်​ရောက်သူများ အ​နေဖြင့်  ကျန်းမာရေးဌာန၏ လမ်းညွှန်မှုကိုခံယူကာ သင်းတန်းမှပို့ချလိုက်သည့် ကျန်းမာရေး အသိပညာများကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်​ကြောင်းလည်း မြဝတီမြို့နယ် ကျန်းမာ​ရေးမှူး  ​ဒေါ်စမ်းစမ်း​​​ထွေးး က ​ပြောသည်။

Most Read

Most Recent