ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲနေ့က မဲပေးကြရန် တေလာဆွစ်က တိုက်တွန်းခဲ့သော်လည်း ဂျိုးဘိုင်ဒင်ကို ထောက်ခံသည့်အရိပ်အယောင် ယခုအထိ မပြသ

ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲနေ့က မဲပေးကြရန် တေလာဆွစ်က တိုက်တွန်းခဲ့သော်လည်း ဂျိုးဘိုင်ဒင်ကို ထောက်ခံသည့်အရိပ်အယောင် ယခုအထိ မပြသ
Photo:Music Mundial
Photo:Music Mundial
Published 6 March 2024

 

 အမေရိကန်ပြည်ထောင်စုတွင် ပင်မရွေးကောက်ပွဲမတိုင်မီ ပြည်နယ်အချို့တွင် မတ် ၅ ရက်က ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး ပြည်သူများဆန္ဒမဲ သွားပေးကြရန် အဆိုတော်တေလာဆွစ်က  ဆိုရှယ်မီဒီယာမှ တိုက်တွန်းခဲ့သည်။

သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ရီပတ်ဘလီကန်ပါတီကိုယ်စားလှယ် နှင့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်တို့ကို ရွေးချယ်ရန် အမေရိကန်ပြည်နယ် ၁၆ ခုတွင် အကြိုရွေးကောက်မှုများ ပြုလုပ်ကြခြင်းဖြစ်ပြီး အင်စတာဂရမ်တွင် တေလာဆွစ်က  “ဒီနေ့ မဲသွားပေးကြပါ”ဟု ဖော်လိုဝါ ပရိသတ် ၂၈၂ သန်းကို ဆော်သြခဲ့သည်။

ဆွစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်  ဂျိုးဘိုင်ဒင်ကို ထောက်ခံခဲ့သော်လည်း ယခု နိုဝင်ဘာရွေးကောက်ပွဲအတွက် မည်သည့် ကိုယ်စားလှယ်ကိုမှ မထောက်ခံသေးပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွစ်က မတ် ၅ ရက်တိုက်တွန်းချက်တွင် ဆက်လက်နှုတ်ဆိတ်နေခဲ့ပြီး မဲရုံများရှိမည့်နေရာကို စစ် ဆေးကြရန်သာ တိုက်တွန်းခဲ့သည်။

“သင်တို့ကို ကိုုယ်စားပြုပေးနိုင်ဆုံးသူကို မဲပေးထောက်ခံကြဖို့ သတိပေးပါရစေ။ တကယ်လို့ မဲမပေးရသေးရင် ဒီနေ့မဲပေးသွားကြ ပါ ။ မဲရုံတည်နေရာတွေနဲ့ အချိန်တွေကို  vote.org  မှာ ဝင်ကြည့်ကြပါ ”ဟုဆွစ်က  အင်စတာဂရမ်တွင် ရေးခဲ့သည်။ယခုအချိန်ထိ သမ္မတဂျိုးဘိုင်ဒင်အပေါ် ဆွစ်က ထောက်ခံမှု အရိပ်အယောင် မပြသေးသည့် အပေါ်အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က “တေလာဆွစ် ဘာပြောသလဲ ၊ ဘာမပြော သလဲဆိုတာကို ကျွန်မအနေနဲ့ မှတ်ချက်ပေးလို့မရပါဘူး”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

သို့သော် အိမ်ဖြူတော်အတွက် ဆွစ်၏ထောက်ခံမှုက အရေးပါလွန်းသည်ဟု မှတ် ယူနိုင်သည်။ဆွစ်၏ ထောက်ခံမှုကြောင့် သန်းပေါင်းများစွာသော လူငယ်မဲဆန္ဒရှင်များကလည်း လာမည့်ရွေးကောက်ပွဲတွင် ဘိုင်ဒင်ကို  ထောက်ခံလာနိုင်သည်။ယခုနှစ်အစောပိုင်းက အမေရိကန် မီဒီယာဖော်ပြချက်အရ ဆွစ်သည် ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးတွင် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။

မနှစ်ကစက်တင်ဘာတွင် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်က ဘိုင်ဒင်၏ မဲဆွယ်လှုပ်ရှားရေးတွင် ပိုမိုပူးပေါင်းပေးရန် ဆွစ်ကို တောင်းဆိုခဲ့သည်။

Most Recent