တေလာဆွစ်၏ Eras Tour ရုပ်ရှင်ကို Disney+ မှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်ကြည့်ရှုမှုများပြားခဲ့ပြီး စံချိန်ပါချိုးသွား

တေလာဆွစ်၏ Eras Tour ရုပ်ရှင်ကို Disney+ မှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်ကြည့်ရှုမှုများပြားခဲ့ပြီး စံချိန်ပါချိုးသွား
Photo-ClutchPoints
Photo-ClutchPoints
Published 21 March 2024

မတ် ၁၄ ရက်က Disney+ တွင်ထုတ်လွှင့်ပြသလိုက်သည့် တေလာဆွစ်၏ Eras Tour ရုပ်ရှင်ဇာတ်ကားသည် Disney+ ၏ ပရိသတ်ကြည့်ရှုမှုစံချိန်ကို ချိုးသွားသည်အထိ များပြားလွန်းခဲ့သည်။

ဝေါ့ဒစ္စနေကုမ္ပဏီအဆိုအရ ဆွစ်၏ ဖျော်ဖြေပွဲရုပ်ရှင်ကို Disney+ တွင်စပြလိုက်သည့် ရက်ပိုင်းမှာပင် ဝင်ရောက်ကြည့်ရှုမှု  ၄ ဒသမ ၆ သန်း ၊ နာရီအားဖြင့် ၁၆ ဒသမ ၂သန်းအထိ ရှိခဲ့ပြီး ယခင်ကပြသခဲ့သည့် အခြားအဆိုတော်များ၏ ရုပ်ရှင်ကားများကိုကျော်ကာ Disney+ ၏ နံပတ်တစ်ဂီတရုပ်ရှင် ဇာတ်ကားဖြစ်လာခဲ့သည်။ ရှေ့တွင်လည်း  ဆွစ်က ဇာတ်ကားတစ်ကားထွက်လာပြီး ယခုဇာတ်ကားက ပိုအောင်မြင်သွားသည်။

ဇာတ်ကားကြာချိန်က သုံးနာရီခွဲရှိပြီး  Disney+  ပြသမှုတွင် ရုံတင်ပြသစဉ်တုန်းက မပါခဲ့သည့် သီချင်းသစ်ဖျော်ဖြေနေပုံများလည်း ပါလာသည်။ Eras Tour ကို ကမ္ဘာတစ် ဝန်းရုံတင်ပြခဲ့ရာ အမေရိကန်ဒေါ်လာ  ၂၆၂ သန်း ရခဲ့သည်။

ဘီလီအိုင်းလစ်ရှ်၏ Happier Than Ever:A Love To Los Angeles  ဇာတ်ကား ၊ ၀ါရင့်အဆိုတော်ကြီး အယ်လ်တန်ဂျွန်၏ Elton John: Farewall From Dodger Stadium ဇာတ်ကား ၊ ဘီယွန်းဆေး၏ Black  Is King ဇာတ်ကား ၊The Beatles အဖွဲ့၏ The Beatles: Get Back ဇာတ်လမ်းတွဲတို့ကိုလည်း  Disney+ က ပြသခဲ့သည်။

သို့သော် ယင်းဇာတ်ကားများထက် ဆွစ်၏ Eras Tour ဂီတဇာတ်ကားက လူကြည့် အများဆုံးဖြစ်လာကာ ၂၀၂၀ ခုနှစ်ကထွက်သည့် ဆွစ်၏ Folklore:The Long Pond Studio Sessions  ဇာတ်ကားကိုလည်း ကျော် တက်သွားသည်။

ပြီးခဲ့သည့်ဂရမ်မီဆုပေးပွဲတွင် ဆွစ်က နောက်ဆုံးထွက်ထားသည့် Midnights  အယ်လ်ဘမ်ဖြင့် Album of the Year ဆုကို ဆွတ်ခူးခဲ့ပြီး ဂရမ်မီဆုပေးပွဲကျင်းပလာသည့် သမိုင်းတစ်လျှောက် တစ်နှစ်တာအကောင်း ဆုံးတေးအယ်လ်ဘမ်ဆုကို လေးကြိမ်ရသွားသည့် ပထမဆုံးအဆိုတော်ဖြစ်လာသည်။

ထိုပွဲတွင်ဆွစ်က The Tortured Poets Department အမည်ဖြင့် ဧပြီ ၁၉ ရက်တွင် အယ်လ်ဘမ်သစ်ထွက်မည်ဟု ကြေညာခဲ့သည်။ဆွစ်သည် အကောင်းဆုံးအယ်လ်ဘမ် ဆုကို၂၀၁၀ ၊၂၀၁၆ နှင့် ၂၀၂၁ ခုနှစ်များတွင်လည်း ဆွတ်ခူးခဲ့သည်။ 

Most Read

Most Recent