မက်ဒေါနားက အခမဲ့ Copacabana  ဖျော်ဖြေပွဲဖြင့် Celebration ဖျော်ဖြေပွဲခရီးစဉ်ကို အဆုံးသတ်မည်

မက်ဒေါနားက အခမဲ့ Copacabana  ဖျော်ဖြေပွဲဖြင့် Celebration ဖျော်ဖြေပွဲခရီးစဉ်ကို အဆုံးသတ်မည်
Published 31 March 2024

မက်ဒေါနားသည် မေလတွင် ရီယိုဒီဂျနေးရိုး၏ Copacabana ကမ်းခြေတွင် ပြုလုပ်မည့်အခမဲ့ဖျော် ဖြေပွဲကြီးနှင့်အတူ ၎င်း၏ Celebration ဖျော်ဖြေပွဲခရီးစဉ်ကြီးကို အဆုံးသတ်သွားမည်ဟု ပွဲစီစဉ်သူများက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဖျော်ဖြေပွဲသည် ၎င်း၏ အကြီးဆုံးဖျော်ဖြေပွဲကြီး တစ်ခုဖြစ်လိမ့်မည်ဟု မက်ဒေါနား၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီး ယင်းဖျော်ဖြေပွဲသည် ၎င်းတေးဂီတ၏ နှစ်လေးဆယ်ကျော်ကြာ အောင်မြင်မှုအတွက် ပ ရိသတ်များကို ကျေးဇူးတင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“Like A Virgin ”နှင့် “Material Girl ”ကဲ့သို့ အလွန်အောင်မြင်သော တေးသီချင်းများကို သီဆိုခဲ့သည့် အသက် ၆၅ နှစ်အရွယ် မက်ဒေါနားသည် ၂၀၁၂ ခုနှစ်က ဘရာဇီးတွင် နောက်ဆုံးဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

မေ ၄ ရက်တွင် ပြုလုပ်မည့် ကြီးမားသော ဖျော်ဖြေပွဲကြီးသည် ဒါဇင် နှင့်ချီသောနိုင်ငံများတွင် လှည့်လည် ဖျော်ဖြေသည့် ၎င်း၏ Celebration ဖျော်ဖြေပွဲ ခရီးစဉ်အောက်၌ တောင်အမေရိကတွင် ဖျော်ဖြေသည့်တစ် ခုတည်းသော ပွဲဖြစ်လာလိမ့်မည် ဖြစ်သည်။

၂၀၀၆ ခုနှစ်က Rolling Stones အဖွဲ့၏ Copacabana ဖျော်ဖြေ ပွဲကြီးသို့ လူ ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၅ သန်းကြား လာရောက်အားပေးခဲ့သည်ဟု သိရသည်။

“Celebration”ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်သည် လက်ရှိတွင် မြောက်အမေရိက၌ ဖျော်ဖြေပွဲပြု လုပ်လျက်ရှိပြီး ဧပြီလအတွင်း ဖျော်ဖြေပွဲသုံးခုကို မိုင်ယာမီတွင် ပြုလုပ်မည်ဖြစ်ကာ မက္ကဆီကိုစီးတီးတွင် ဖျော်ဖြေပွဲ ငါးပွဲပြုလုပ်မည်ဖြစ်ပြီး ရီယိုဖျော်ဖြေပွဲမတိုင်မီ လက်တင်အမေရိကတွင်သာ ဖျော်ဖြေပွဲပြုလုပ် သွားမည်ဟု သိရသည်။

ဂရမ်မီဆု ခုနစ်ဆုရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ သန်း ၃၀၀ ကျော် ရောင်းချနိုင်ခဲ့သည့် မက် ဒေါနားသည် နှစ်ပေါင်းများစွာအတွင်း သရုပ်ဆောင်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းနှင့်စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့သည်။

Most Read

Most Recent