ဒါရိုက်တာ အေရီအက်စတာ၏ Eddington ရုပ်ရှင်တွင် ဂျိုအာကွင်းဖီးနစ်နှင့် အမ်မာစတုန်းတို့ ပါဝင်မည်

ဒါရိုက်တာ အေရီအက်စတာ၏ Eddington ရုပ်ရှင်တွင် ဂျိုအာကွင်းဖီးနစ်နှင့် အမ်မာစတုန်းတို့ ပါဝင်မည်
Published 17 March 2024

Midsommar  ဒါရိုက်တာအေ ရီအက်စတာ၏ Eddington ရုပ်ရှင်တွင် ဂျိုအာကွင်းဖီးနစ်နှင့် အမ်မာစတုန်းတို့ ပါဝင်မည်ဟု သိရသည်။

ဒါရိုက်တာအေရီအက်စတာသည် Eddington ရုပ်ရှင်ကို ယခုလတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ကာ နာမည်ကျော်သရုပ်ဆောင် အများအပြားကို ယင်းရုပ်ရှင်တွင် မြင်တွေ့ရမည်ဖြစ်သည်။

Eddington တွင် Joker သရုပ်ဆောင် ဂျိုအာကွင်းဖီးနစ်၊ Poor Things သရုပ်ဆောင် အမ်မာစတုန်း၊ Elvis သရုပ်ဆောင်သြစတင်ဘတ်တလာနှင့် The Last of Us သရုပ်ဆောင် ပီဒရိုပက်စ်ကယ်တို့ ပါဝင်သွားမည်ဖြစ်ကာ လုခ်ခရင်းမ်၊ ဒိုင်ယာဒရီအိုကွန်နယ်၊ မိုက်ကယ်ဝါဒ့်နှင့် ကလစ်ဖ်တန်ကို လင်းဂျူနီ ယာတို့ကလည်း အားဖြည့်ပါဝင်ထားသည်ဟု သိရသည်။

A 24 နှင့် Square Peg တို့ ပူးတွဲထုတ်လုပ်သွားမည့် Eddington ကို အေရီအက်စတာက ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာနေရာများကို သာမက ထုတ်လုပ်သူအဖြစ်ပါတာ ဝန်ယူထားသည်။

ထို့ကြောင့် ယင်းရုပ်ရှင်သည် Hereditary၊ Midsommar ၊ Dream Scenario နှင့် Beau Is Afraid တို့ပြီးနောက် A 24နှင့် Square Peg  တို့ပူးတွဲထုတ်လုပ်သည့် ခြောကကားမြောက်ရုပ်ရှင်ဖြစ်ကာ Death of a Unicorn သည် Eddington မတိုင်မီ ထွက်ရှိလာမည်ဖြစ်သည်။

အက်စတာက ၎င်း၏ရုပ်ရှင် ဇာတ်ကားသစ်သည် Western ရုပ်ရှင်အမျိုးအစား ဖြစ်လိမ့်မည်ဖြစ်ကာ ဖီးနစ်နှင့်အတူ တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း New York Times သတင်းကို အစောပိုင်းက ပြောပြခဲ့ သည်။

ဇာတ်လမ်း အသေးစိတ်အကြောင်းအရာများကို ထုတ်ဖော် ပြောပြထားခြင်းမရှိသော်လည်း ယင်းရုပ်ရှင်သည် ပိုမိုမြင့်မားသော ဆန္ဒများရှိသည့် နယူးမက္ကဆီကိုမြို့ငယ်လေးမှ ရဲအရာရှိတစ်ဦးအကြောင်း ရိုက်ကူးဖော်ပြထားခြင်းဖြစ်မည်ဟု ခန့်မှန်းထားကြသည်။

Most Read

Most Recent