အသစ်ထွက်ရှိလာမည့် Parasyte: The Grey  ဇာတ်လမ်းတွဲ၏ ရုပ်သံအမြည်းနှင့် ပိုစတာအသစ်ကို Netflix ထုတ်ဖော်ပြသ

အသစ်ထွက်ရှိလာမည့် Parasyte: The Grey  ဇာတ်လမ်းတွဲ၏ ရုပ်သံအမြည်းနှင့် ပိုစတာအသစ်ကို Netflix ထုတ်ဖော်ပြသ
Published 10 March 2024

Netflix က လူအများစောင့်မျှော်နေကြသည့် ဇာတ်လမ်းတွဲဖြစ်သော “Parasyte: The Grey ”၏ ရုပ်သံအမြည်းနှင့် ပိုစတာတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။

ယွန်းဆန်းဟို ရိုက်ကူးသည့် ယင်းဇာတ်လမ်းတွဲသည် ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားသော manga“Parasyte ”၏ ကမ္ဘာကိုချဲ့ထွင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲသည် ကပ်ပါးကောင်တစ်ကောင်နှင့် အတူယှဉ်တွဲနေထိုင်နေရသည်ကို သိရှိလာသော ဆူအင်း(မင်းသမီးဂျောင်ဆို နီး)အမည်ရှိ အမျိုးသမီးနှင့် ယင်းအမျိုးအမည်မသိသည့် ကပ်ပါးပုံစံများကို တိုက်ဖျက်ရန် ကတိပြုထားသည့် Team Grey  အဖွဲ့တို့ကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်သည်။

“Parasyte: The Grey ”ရုပ်ရှင်သည် နိုင်ငံနှင့် ဒေသ ၃ဝကျော်တွင် အုပ်ရေ ၂၅ သန်းကျော်စံချိန် တင်ရောင်းချနိုင်သည့် ဟီတိုရှီအိုင်ဝါကီ ရေးသားထားသော မူလကာတွန်း “Parasyte ”ကို အခြေခံ၍ရိုက် ကူးထားခြင်းဖြစ်သည်။

ယင်းရုပ်ရှင်သည် လူသားတစ်ဦး၏ ဦးနှောက်မှတစ်ဆင့် ကပ်ပါးကောင်ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် စိတ်ကူးယာဉ်ဇာတ်လမ်းကို ပုံဖော်ထားသည်။

ပိုစတာ၌ လူသားတစ်ဝက်၊အခြားမျိုးစိတ်တစ်ဝက်ဖြစ်နေသည့် ဆူအင်း၏ အနီးကပ်ဓာတ်ပုံကို ဖော်ပြ ထားသည့်အတွက် လူအများ၏ ပိုမိုစိတ်ဝင်စားမှုကို ရရှိခဲ့သည်။

၎င်း၏နောက်ဘက်တွင် ကပ်ပါးကောင်ဘောလုံးများက လူသားတစ်ဦး၏ဘဝကို ကျယ်ကျယ်ပြန့် ပြန့် ထိုးဖောက်နေကြောင်း အရိပ်အမြွက်ဖော်ပြထားသည်။

ဇာတ်လမ်းအမြည်းအား ကပ်ပါးကောင် ဝင်ရောက်နေထိုင်နေသော ဆူအင်း၏ ဖျတ်ခနဲအကြည့် တစ်ချက်ဖြင့် အဆုံးသတ်ထားရာ ဆူအင်းသည် လူသား သို့မဟုတ် ကပ်ပါးကောင်ကမ္ဘာနှစ်ရပ်လုံးတွင်အ ပြည့်အဝ မထိန်းချုပ်နိုင်သော သန္ဓေပြောင်းသတ္တဝါမည်သို့ ဖြစ်လာပုံကို  လူအများက စိတ်ဝင်စားလျက်ရှိသည်။

Most Read

Most Recent