ကရီနာကပူး၊ တဘူးနှင့် ကရီသီဆာနွန်တို့ လေယာဉ်မယ်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားသည့် Crew ဇာတ်ကားကြီးကို မတ်လကုန်တွင် ရုံတင်မည်

ကရီနာကပူး၊ တဘူးနှင့် ကရီသီဆာနွန်တို့ လေယာဉ်မယ်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ထားသည့် Crew ဇာတ်ကားကြီးကို မတ်လကုန်တွင် ရုံတင်မည်
Photo-Pinkvilla
Photo-Pinkvilla
Published 29 February 2024

အိန္ဒိယ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီးသုံးဦး အပြိုင်သရုပ်ဆောင်ထားသည့်  Crew ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လကုန်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။ ယင်းဇာတ်ကားတွင် ကရီနာကပူး ၊ တဘူးနှင့် ကရီသီဆာနွန်တို့ကို စွဲမက်ဖွယ်လေယာဉ် မယ်ကာရိုက်တာဖြင့် မြင်တွေ့ရမည်။

၂၀၂၄ ခုနှစ်အတွင်း ပရိသတ်အမျှော်လင့်ဆုံး ဇာတ်ကားများတွင် Crew ဇာတ်ကားလည်း ပါဝင်ပြီး မကြာသေးမီက ဇာတ်ကား အမြည်းထွက်လာသည့်အတွက် ပရိသတ်က   ပိုစိတ်ဝင်စားနေကြသည်။ ပရိသတ်များသာမက  အိန္ဒိယရုပ်ရှင် အသိုင်းအဝိုင်းကြားမှာလည်း ယင်းဇာတ်ကားကို အာရုံစိုက်နေကြသည်။

ရုပ်ရှင်မင်းသမီး ပရီယန်ကာချိုပရာ နှင့် မင်းသားဗာရွန်ဒါဝမ်တို့က သူတို့၏ဆို ရှယ်မီဒီယာအကောင့်များတွင် Crew ဇာတ်ကားအမြည်းကို တွဲတင်လျက် အားပေးစောင့်စားနေကြောင်း ပြသခဲ့သည်။ပရီယန်ကာက  အင်စတာဂရမ်စတိုရီတွင် obsessed#crew  ဆိုသည့်စာနှင့်အတူ ဇာတ်ကားအမြည်းကို တင်ခဲ့သည်။ ခေါင်းဆောင်မင်းသမီးသုံးဦးကိုပါ ကရီနာက tag တွဲခဲ့သည်။

အလားတူ ဗာရွန်ဒါဝမ်ကလည်း အင်စတာဂရမ်စတိုရီတွင် ဇာတ်ကားအမြည်းနှင့်အတူ ကြည့်ချင်လွန်းသဖြင့် မစောင့်နိုင်တော့ဟု ရေးသားခဲ့သည်။

အိပ်မက်များကို  အကောင်အထည်ဖော်မည့် လေယာဉ်မယ်သုံးဦးကို ထင်မှတ်မထားသည့် ကံဆိုးမှုများက အသင့်စောင့်ကြိုနေသည်ကို ပုံဖော်ရိုက်ကူးထားပြီး ဒါရိုက်တာ  ရာဂျက်ရှ်အေခရစ်ရှ်နန်က ရိုက်ကူးသည်။ Crew ဇာတ်ကားကြီးကို မတ် ၂၉ ရက်  ၊ သောကြာနေ့တွင် စတင်ရုံတင်မည်။ထိပ်တန်းမင်း သမီးသုံးဦးကို ဇာတ်ကားတစ်ကားတည်းတွင်  မြင်ရမည်ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာတွင် Crew ကိုကြော်ငြာကတည်းက ပရိသတ်က နောက်ထပ်သတင်းထွက်အလာကို မျှော်နေခဲ့ကြသည်။

Crew က ကရီသီဆာနွန်အတွက် ယခုနှစ်အတွင်း ဒုတိယမြောက်ရုံတင်ဇာတ်ကား ဖြစ်သည်။ မင်းသားရှာဟစ်ကပူးနှင့် အချစ်ဇာတ်မြူးတစ်ကား ရိုက်ကူးထားပြီး ဖေဖော်ဝါရီ ၉ ရက်က ရုံတင်လိုက်သည်။ Crew ကို  အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်နှင့် ယူအေအီး မြို့တော် အဘူဒါဘီတို့တွင် ရိုက်ကူးထားကာ မွမ်ဘိုင်းတွင်လည်း ရိုက်ကူးခဲ့သည်။

Most Read

Most Recent