ပြည်မြို့တွင် လင်မယားချင်းရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရ

ပြည်မြို့တွင် လင်မယားချင်းရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရ
Published 16 May 2024

ပြည်မြို့တွင် လင်မယားချင်းရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) မှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၅ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း (ပြည်ခရိုင်) ပြည်မြို့ မိကျောင်းရဲနယ်မြေ ချင်းရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိကျောင်းရဲနယ်မြေ ချင်းရွာတွင် လင်မယားချင်းရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒဏ်ရာရရှိသူ အမျိုးသမီးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) က လိုအပ်သည်များကို ကူညီခဲ့ကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံရသည့်အမျိုးသမီးမှာ ခြေထောက်ပြတ်ရှ၊ လက်မောင်းပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး သွေးထွက်လွန်နေသဖြင့် မြေပြင်အရေးပေါ်ကုသ ဒဏ်ရာသွေးထိန်းလိုအပ်သည်များကို ပြုစုကူညီခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ထံမှ သိရသည်။

Most Read

Most Recent