ပြည်တွင်း သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြေ ၁၂ ဧကကျော်တွင် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွည်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေ ၁၂ ဧက ကျော်တွင် အငှားအိမ်ရာစီမံကိန်းကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
 
အဆိုပါ အိမ်ရာစီမံကိန်းကို ပြည်ထောင်စုအစိုးရမှ ယခုဘဏ္ဍာနှစ်အတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ထောက်ပံ့သည့် ငွေကျပ် ၂၀ ဘီလျံဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
 

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား မြို့နယ်နှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခဲ့ကြောင်း မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာ နေ၀င်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သော ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်သည် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ပင်မကျောင်းသားသပိတ်ဖြိုခွင်းခံရစဉ်က  ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
 

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံး

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၂၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မိုးကြိုးများပစ်မှုကြောင့် နေအိမ်အများအပြားပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 

ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလုပ်ငန်းရှင် ဦးဝင်းအောင်အား အမေရိကန်က ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်

Dagon International ကုမ္ပဏီ၏ လုပ်ငန်းရှင်ဖြစ်သော ဦးဝင်းအောင်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ထုန်ပြန်ထားမှုအရ ဦးဝင်းအောင်နှင့်  Dagon International ကုမ္ပဏီလီမိတက်၊ Dagon Timber လီမိတက်တို့ကို ပိတ်ဆို့မှုစာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။
 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦး ရှစ်လွှာမှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦး ရှစ်လွှာမှပြုတ်ကျ သေဆုံးသွားကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၃ရက် နံနက်ပိုင်း ၃ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရမ်ခမ်ဟမ်မြို့နယ် ဟိုမက်ရပ်ကွက် ၂၄လမ်း လမ်းသွယ် ၃၄ ရှိ Huamak Campus ကွန်ဒို A 8 လွှာ၌ နေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်သူ Assumption တက္ကသိုလ် ကွန်ပျူတာ နောက်ဆုံးနှစ် တက်ရောက်နေသည့် အသက် (၂၂) နှစ်အရွယ် Vinnyသည် ၎င်းနေထိုင်သည့် ကွန်ဒို ရှစ်လွှာမှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများတိုက်ခတ်၍ နေရာအချို့၌ မိုးသည်းထန်စွာ ရွာသွန်း

ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ အပါအ၀င် နေရာအနှံ့အပြား၌ လေပြင်းများ တိုက်ခတ်ပြီး နေရာအချို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပွားသော ဖြစ်စဉ်သည် မိုးတိမ်တောင်နှင့် အရှေ့ဘက်မှလာသော လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသအချို့တွင် လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်း

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံမှန်ထက်ပူပြင်းခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့နယ်အတွင်း သမ၀ါယမက သိမ်းထားသောမြေများကို ခြံစည်းရိုးခတ်ရန် ကြိုးပမ်းမှုအပေါ် တားမြစ်သည့် တောင်သူ ၁၉ ဦးအား ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မသုံးခုဖြင့် တရားစွဲ

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် သမ၀ါယမ၀န်ကြီးဌာနက ၎င်းတို့ သိမ်းဆည်းထားသော မတ္တရာမြို့နယ်ရှိ မြေယာများကို ခြံစည်းရိုးခတ်ရန် ကြိုးပမ်းမှုအပေါ် မြေသိမ်းခံတောင်သူများစွာက ၀ိုင်းဝန်းတားမြစ်ခဲ့ကြပြီး တားမြစ်ရာတွင် ပါဝင်ခဲ့သော မူလတောင်သူ ၁၉ ဦးအား ဖြစ်စဉ်ဖြစ်ပွားအပြီး ရှစ်လခန့်အကြာ၌ မတ္တရာမြို့နယ် ရေနံ့သာ နယ်မြေစခန်းမှူးက ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သတင်းရရှိသည်။ ၁၈.၇.၂၀၁၄ တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅ တို့ဖြင့် တရားစွဲဆိုထားကြောင်း စခန်းမှူး ရဲအုပ်လှစိုးက ပြောကြားပြီး တရားစွဲခံတောင်သူများမှာ အမှုကိုရင်ဆိုင် ဖြေရှင်းမည

ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား သာယာဝတီ တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် သာယာဝတီခရိုင် တရားရုံးက အမိန့်ချ

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မတ်လအတွင်းက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုကြောင့် သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူ စုစုပေါင်း ၇၀ ဦးကို ဧပြီ ၂၃ရက်က လက်ပံတန်းမြို့နယ် တရားရုံး ၌ (၅) ကြိမ်မြောက် ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့သည်။

တပ်မတော်နှင့် KIA တို့အကြား လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများအား တားဆီးနိုင်ရေး နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အရေးပေါ် တွေ့ဆုံညှိနှိုင်းမည်

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့၏ နှစ်ဖက်အောက်ခြေ တပ်များအကြား လက်ရှိဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုများအား တားဆီးနိုင်ရေးအတွက် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့သည် ယခု ဧပြီလကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ရခိုင်လက်နက်ကိုင် အဖွဲ့မှ အဖွဲ့ဝင် ခုနစ်ဦးဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက်ကိုင်အချို့အား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းရာတွင် ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပိန္နဲချောင်းရွာ အနောက်မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင်များ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လွှတ်တော်အစည်းအဝေးများ ပြန်လည်မကျင်းပမီ ပြုလုပ်ရန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲကို လွှတ်တော်အစည်းအဝေးများ ပြန်လည်မကျင်းပမီ မေလဆန်းတွင် ပြုလုပ်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဧပြီ ၂၂ ရက်ကပြုလုပ်သော ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေလဆန်းဆိုတော့ လွှတ်တော်မတိုင်ခင်လို့ပြောတာ။ အသိပေးတာပေါ့” ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများပါသော မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သောကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး မြို့မရပ်ကွက်ရှိ ဓာတ်ပေါင်းစေတီ ထီးတော်ကိုးဆယ် ဒီဂရီ တိမ်းစောင်းခဲ့ကာ အဆောက်အအုံများ ခေါင်မိုးများလန်ခြင်း၊ အပင်ကြီးများပြိုလဲခြင်းနှင့် ဓာတ်တိုင်လဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ပြည်ခရိုင်အတွင်း အမြင့်ဆုံးချမှတ်သည့် ပြစ်ဒဏ်အဖြစ် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ကိုရဲကျော်သူအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုရဲကျော်သူ (ခ) ကိုပဲပဲအား ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တရားသူကြီး ဦးဌေးအောင်က ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ စီရင်ချက်ချခဲ့ပြီး ပြည်ခရိုင်တွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ကြောင်း သိရသည်။

အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ထပ်မံချမှတ်

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးအတွက် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ဧပြီ ၂၃ ရက် နံနက်ပိုင်းက အလုပ်နှင့်ထောင်ဒဏ် ခြောက်လထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လကျခံနေရသည့်အပြင် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုအတွက် ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို ခံထားရသည့် ကိုသိန်းအောင်မြင့်အား မြို့နယ်တရားသူကြီး ဦးဌေးအောင်က အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်းဖြစ်သည်။

မြိတ်ကျွန်းစုအတွင်း ဗုံးခွဲပြီး ငါးဖမ်းဆီးခြင်းကို တားမြစ်အရေးယူ နေသော်လည်း ဆက်လက်လုပ်ကိုင်နေဆဲဖြစ်

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများအနီးတွင် ပင်လယ်အတွင်းသို့ ဗုံးများချကာ ဖောက်ခွဲပြီး ငါးဖမ်းဆီးခြင်းကို တားမြစ်ထားကာ အရေးယူထောင်ချမှုများ ရှိနေသော်လည်း ယခုချိန်အထိ အဆိုပါလုပ်ငန်းများကို တရားမ၀င်လုပ်ကိုင် နေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သဖြင့် တရားစွဲခံထားရသော ကိုနေမျိုးဇင်ပါ ခြောက်ဦးဘက်မှ ခေါ်ယူလိုသော သက်သေစာရင်းအား တရားရုံးကပယ်ချ

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကိုနေမျိုးဇင်ပါ ခြောက်ဦးအား ဒဂုံတရားရုံးက ဧပြီ ၂၃ ရက်တွင် ၁၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ထိုနေ့ရုံးချိန်းတွင် ယခင် ၁၃ ကြိမ် မြောက်ရုံးချိန်းက ကိုနေမျိုးဇင်ပါ ခြောက်ဦးတို့ဘက်မှ ခေါ်ယူလိုသည့် သက်သေစာရင်း တင်သွင်းထားသည့်အပေါ် တရားရုံးအနေဖြင့် ခေါ်ယူပေးသင့် မပေးသင့် တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည့် ခေါင်းဆောင်အား ကြည့်မြင်တိုင်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုသည့်အနေဖြင့် မြို့ နယ်ခြောက်မြို့နယ်ကို ဖြတ်သန်းကာ လမ်း လျှောက်ပွဲပြုလုပ်ခဲ့သည့် ခေါင်းဆောင် ကိုဝင်းထိုက်ဟိန်းအား ကြည့်မြင်တိုင်တရားရုံးမှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဧပြီ ၂၃ ရက်က အလုပ်နှင့်ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလ၌ စည်းကမ်းဖောက်ဖျက်မှု များခဲ့သော ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့ရှိ မဏ္ဍပ်သုံးခု အမည်ပျက်စာရင်း သွင်းခံရ

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော် ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုများခဲ့သော  ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့ရှိ သင်္ကြန်မဏ္ဍပ်အကြီး သုံးခု အမည်ပျက်စာရင်းသွင်းခံရကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သင်္ကြန် မဏ္ဍပ်နေရာချထားပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မဏ္ဍပ်သုံးခုမှာ စည်းကမ်းဖောက်ဖျက်မှု များခြင်းကြောင့် မဖြစ်မနေ အမည်ပျက်စာရင်း သွင်းခဲ့ရခြင်း ဖြစ်ကြောင်းနှင့် မဏ္ဍပ်အမည်များကိုမူ အတိအကျ မထုတ်ပြန် နိုင်သေးကြောင်း မဏ္ဍပ်နေရာချထားပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း ပြည်ပခရီးသွားများ နေပြည်တော် လွှတ်တော်အဆောက်အအုံများနှင့် အစည်းအဝေး ကျင်းပစဉ်တွင် လေ့လာခွင့်အတွက် သတ်မှတ်ချက်များ ထုတ်ပြန်

ပြည်တွင်း ပြည်ပခရီးသွားများ နေ ပြည်တော် လွှတ်တော်အဆောက်အအုံများနှင့် အစည်းအဝေးကျင်းပစဉ် လေ့လာခွင့်အတွက် သတ်မှတ်ချက်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အချက် ၁၁ ချက်ပါဝင်ပြီး လုံခြုံရေးကို အဓိကထား စစ်ဆေးသွားမည်ဖြစ်သည်။

နေပြည်တော် လွှတ်တော်အဆောက်အအုံများသို့ လိုင်စင်ရခရီးသွားလုပ်ငန်း ကုမ္ပဏီများ၏ လွှတ်တော်အဆောက်အအုံများ လေ့လာရေး အစီအစဉ်ဖြင့် လိုင်စင်ရ လမ်းညွှန်များလိုက်ပါသော လေ့လာရေး ခရီးစဉ်များအတွက် ပြည်တွင်း ပြည်ပခရီးသွားများအား ခွင့်ပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံခရီးသွား ဒေသများကို နိုင်ငံတကာသို့ပြသရန် ဘယ်လ်ဂျီယမ်အခြေစိုက် အဖွဲ့တစ်ခု ခရီးသွားမှတ်တမ်းများ လာရောက်ရိုက်ကူး

မြန်မာနိုင်ငံခရီးသွား ဒေသများကို နိုင်ငံတကာသို့ ပြသရန် ဘယ်လ်ဂျီယမ်အခြေစိုက် အဖွဲ့တစ်ခုက ခရီးသွားမှတ်တမ်းများ လာရောက်ရိုက်ကူးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ ခရီးသွားမှတ်တမ်းကို Pekin Express ဟု အမည်ပေးထားပြီး ဘယ်လ်ဂျီယမ်နိုင်ငံအခြေစိုက် Eccho Line BVBA က နှစ်ပတ်ခန့်ကြာ လာရောက်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ထုတ်ပြန်သော ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုး ရရှိ

ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ CPJ က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်မည့် ဆင်ဆာအဆိုးရွားဆုံး ကမ္ဘာ့ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်ကိုးရရှိခဲ့ကြောင်း သိရသည်။ ဂျာနယ်လစ်များကို အကျဉ်းချထားမှု၊ ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန် ဖိနှိပ်သည့် ဥပဒေများ ထားရှိမှု၊ အင်တာနက် ချိတ်ဆက်ခွင့်ကို တင်းကျပ်မှု စသည့် ဆင်ဆာတင်းကျပ်မှု နည်းဗျူဟာအမျိုးမျိုး သုံးစွဲမှုအား သုတေသန ပြုလုပ်ခဲ့သော ရလဒ်များကို အခြေခံထုတ်ပြန်သည့် စာရင်းတွင် အီရစ်ထရီးယားနိုင်ငံက အဆင့် (၁) ရရှိခဲ့သည်။ အီရစ်ထရီးယားသမ္မတ အိုင်ဆာအီအက်စ်အာဖိဝါကီသည် နိုင်ငံပိုင် ရုပ်သံများတွင် လုပ်ကိုင်နေသော ဂျာနယ်လစ်များပင် ဖမ်းဆီးခံရမှုအတွက် ကြောက်ရွံ့နေရသည်အထိ ဖိနှိပ်ေ

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် တိမ်းရှောင်နေသူများ ရောက်ရှိနေသည့် စပါးဆိပ်ကျေးရွာနှင့် ကျောက်တော်မြို့သို့ ပြေးဆွဲနေသော ဈေးရောင်းဈေးဝယ် စက်လှေလိုင်းအား ရပ်နားထားရ

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် တိမ်းရှောင်နေသူများ ရောက်ရှိနေသည့် စပါးဆိပ်ကျေးရွာနှင့် ကျောက်တော်မြို့သို့ ပြေးဆွဲနေသော ဈေးရောင်းဈေးဝယ် စက်လှေလိုင်းအား ရပ်နားထားရကြောင်း သိရသည်။

ယင်းသို့ ဈေးလှေများကို ရပ်နားလိုက်သည့်အတွက် စပါးဆိပ်ကျေးရွာသားများ အနေဖြင့် စားနပ်ရိက္ခာအတွက် အခက်အခဲများကို ရင်ဆိုင်လာရနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိတွင် တိုက်ပွဲများကြောင့် တိမ်းရှောင်သူများ အနေဖြင့် စပါးဆိပ်ကျေးရွာတွင် အစားအသောက်များ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

The Voice Weekly Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖော်ပြမှုနှင့် ပတ်သက်၍ ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် ပြန်လည်တောင်းပန်

The Voice Weekly Facebook စာမျက်နှာပေါ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖော်ပြမှုနှင့် ပတ်သက်၍ ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် The Voice Weekly ဂျာနယ်မှ ပြန်လည်တောင်းပန်ခဲ့သည်။

ဧပြီ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဓာတ်ပုံများကို ဧပြီ ၂၁ ရက်တွင် The Voice Weekly Facebook စာမျက်နှာပေါ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Pages