သယ်ငယ် မုဒိမ်းမှု ကျူးလွန်သူတစ်ဦးအား မိတ္ထီလာခရိုင် တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်

သယ်ငယ် မုဒိမ်းမှု ကျူးလွန်သူတစ်ဦးအား မိတ္ထီလာခရိုင် တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်
Published 29 December 2016
ဝဏ္ဏ(မိတ္ထီလာ)

အသက် (၁၁ နှစ်) အရွယ် မိန်းကလေးငယ်တစ်ဦးအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ တစ်ဦးအား မိတ္ထီလာခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ တံတားဦးရပ်နေ ဒေါ်----သည် အိမ်တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေစဉ် အသက် (၁၁ နှစ်) အရွယ် သမီး၏ အော်သံကြားရသဖြင့်  သွားရောက်ကြည့်ရှုခဲ့ရာ အိမ်တွင် ရက်ကန်းလုပ်ကိုင်ရန် နေထိုင်ခွင့်ပြုထားသူ ယက်ကန်းလုပ်သား စောလွင်မိုး အသက် (၃၂) နှစ်မှာ နေအိမ်မှ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သမီးဖြစ်သူအား မေးမြန်းရာ စောလွင်မိုးက သားမယား ပြုကျင့်ကြောင်း ပြောသဖြင့် အရွယ်မရောက်သေးသော သမီးအား သားမယားအဖြစ် ပြုကျင့်သူ စောလွင်မိုးအား အရေးယူပေးပါရန် တိုင်ကြားခဲ့ရာ ဝမ်းတွင်းမြို့မရဲစခန်းမှ (ပ) ၂၀၁/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ မိတ္ထီလာခရိုင် တရားရုံးမှရာဇသတ်ကြီး အမှုအမှတ် ၅၅ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင်  အလုပ်နှင့် ထောင်ဒဏ်၂၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent