မြဝတီမြို့တွင်းရှိ လောင်စာဆီဆိုင်များကို အဖျက်သမားများက ဖောက်ခွဲမည်ဆိုသည့် သတင်းကြောင့် နယ်စပ် ဝင်ထွက်ပေါက်နှင့် မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြှင့်

မြဝတီမြို့တွင်းရှိ လောင်စာဆီဆိုင်များကို အဖျက်သမားများက ဖောက်ခွဲမည်ဆိုသည့် သတင်းကြောင့် နယ်စပ် ဝင်ထွက်ပေါက်နှင့် မြို့တွင်းမြို့ပြင် လုံခြုံရေးတိုးမြှင့်
Published 29 December 2016
ကိုရွှေသိန်း (မြဝတီ)

မြဝတီနယ်စပ်မြို့တွင်းရှိ စက်သုံးဆီ၊ လောင်စာဆီ အရောင်းဆိုင်များအား မသမာသူများက ဖောက်ခွဲဖျက်ဆီးမည်ဆိုသည့် သတင်းကြောင့်  ခရစ္စမတ်ပွဲတော်ကာလမှ လွတ်လပ်ရေးနေ့ ပွဲတော်ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြဝတီရဲတပ်ဖွဲ့မှ နယ်စပ် ဝင်ထွက်ပေါက်နှင့် မြို့တွင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ဝင်ထွက်ပေါက် လုံခြုံရေး၊ မြို့တွင်း မြို့ပြင် လုံခြုံရေးအတွက် မြို့မရဲစခန်းမှူ း အပါအဝင် ယာဉ်လှည့်ကင်း၊ ဆိုင်ကယ်လှည့်ကင်း၊ ခြေကျင်လှည့်ကင်းများဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ခြင်းမှာ မိမိမြို့ရွာအား လုံခြုံမှုပေးလို၍ဖြစ်ကြောင်း စခန်းမှူးဒုရဲမှူး ကိုကိုနိုင်က ပြောကြားသည်။
“မြို့တွင်းမှာရှိတဲ့ စက်သုံးဆီ၊ လောင်စာဆီဆိုင်တွေကို အဖျက်သမားတွေက လာရောက် ဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေ နယ်စပ်ဆိုတော့ IS တွေလို အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူ့ဘ၀ လုံခြုံဖို့၊ ပြည်သူတွေ ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ အတွက် ဖြစ်ပါတယ်” ဟု ဒုရဲမှူး ကိုကိုနိုင်က ပြောကြားသည်။
မြဝတီမြို့မရဲစခန်းမှ စခန်းမှူး အပါအဝင် အဖွဲ့ငါးဖွဲ့ဖွဲ့ကာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီ၊ ညနေ ၆ နာရီမှ ည ၁၁ နာရီ၊ ည ၁၁ နာရီမှ နောက်နေ့ နံနက် ၂ နာရီအထိ၊ နံနက် ၂ နာရီမှ နံနက် ၅ နာရီထိ ယာဉ်၊ ဆိုင်ကယ်၊ ခြေကျင်လှည့်ကင်းများ ဆောင်ရွက်နေသလို တပ်မတော်ပိုင်းကလည်း ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
ယင်းကဲ့သို့ ၂၄ နာရီပတ်လုံး လှည့်ကင်းများဖြင့် ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာ ၂၃ ရက်မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေခြင်းကြောင့် နှစ်ပတ်တာကာလအတွင်း မူးယစ်ဆေးဝါးမှု သုံးမှု၊ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း အပါအဝင် ယာဉ်မဆင်မခြင်မောင်းနှင်မှု အပါအဝင် ယာဉ်ကြိုတင်ကာကွယ်မှု ၁၄ မှု၊ ဆိုင်ကယ်ခိုးမှု တစ်မှုတို့ဖမ်းဆီးနိုင်ခဲ့ပြီး အမှုကြီးဖြစ်စဉ် ဖြစ်ပွားမှု သိသိသာသာ လျော့ကျသွားကြောင်း မြဝတီမြို့မရဲစခန်းမှူ းက ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေသော်လည်း ပြည်သူ့ဘဝလုံခြုံမှု ရှိစေဖို့အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရဲတပ်ဖွဲ့ ရဲလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း ၎င်းးက ပြောကြားသည်။                                

Most Read

Most Recent