၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီ အထောက်အပံ့ (Grant) စီမံချက် ၄၆ ခုအတွက် အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၁၂ သန်း ညှိနှိုင်းရရှိခဲ့ကြောင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။
အဆိုပါ ရရှိသည့် အကူအညီ အထောက်အပံ့များမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံချက် ၁၅ ခုအတွက် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၆ သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စီမံချက် ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၈၅ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ စီမံချက် လေးခုအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၉၅ သန်း၊ ပညာရေးဝန်ကြီးဌာန၏ စီမံချက် ခုနစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၈ သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စီမံချက် တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်း၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီမံချက် တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ စီမံချက် တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ စီမံချက် နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၆ သန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံချက် သုံးခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၈ သန်းတို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ နိုင်ငံခြား အကူအညီ အထောက်အပံ့ ညှိနှိုင်းရရှိမှုတွင် ဂျာမနီနိုင်ငံမှ အများဆုံးဖြစ်ပြီး စီမံချက်လေးခုအတွက် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၅ သန်း ညှိနှိုင်းရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း နိုင်ငံခြား အကူအညီ အထောက်အပံ့ ညှိနှိုင်းရရှိမှုမှာ လူမှုကာကွယ်ပေးရေးကဏ္ဍ ၄၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍ ကိုးရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍ ခုနစ်ရာခိုင်နှုန်း၊ ရေရရှိရေးကဏ္ဍ နှစ်ရာခိုင်နှုန်း၊ ပညာရေးကဏ္ဍ လေးရာခိုင်နှုန်း၊ ကုန်သွယ်ရေးကဏ္ဍ နှစ်ရာခိုင်နှုန်း၊ ပို့ဆောင်ရေးကဏ္ဍ လေးရာခိုင်နှုန်း၊ သဘာဝဘေးအန္တရာယ်ကဏ္ဍ ၁၃ ရာခိုင်နှုန်းနှင့် နည်းပညာကဏ္ဍ ၁၆ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေ (Loan) မှာစီမံချက် ၁၈ ခုအတွက် အမေရိကန်ဒေါ်လာ ၂၇၉၁ ဒသမ ၀၃ သန်းချေးယူရန် ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။
နိုင်ငံအချင်းချင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေဖြင့် လုပ်ငန်းစီမံချက်များ ဆောင်ရွက်ရန် ညှိနှိုင်းရရှိမှုတွင် လုပ်ငန်းစီမံချက် ခုနစ်ခုအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၅၂၂ ဒသမ ၆၅ သန်းအများဆုံး ရရှိခဲ့ကြောင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၁၂ သန်း ညှိနှိုင်းရရှိခဲ့









