အနုပညာ

ကိတ်ဘလန်ချက်တို့ဇနီးမောင်နှံ သမီးတစ်ဦး မွေးစား

 
အော်စကာဆုရ ဩစတြေးလျ သရုပ်ဆောင် ကိတ်ဘလန်ချက်နှင့် ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာ အန်ဒရူး အက်ပ်တန်တို့က သမီးတစ်ဦး မွေးစားခဲ့သည်ဟု ၎င်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က မတ် ၇ ရက် တွင် ပြောကြားခဲ့သည်။
 

မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့် ဖျော်ဖြေပွဲ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်

့မြန်မာအနုပညာရှင်လေးဦး ပါဝင်သည့် ဖျော်ဖြေပွဲကို ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မတ် ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် မြန်မာအဆိုတော်လေးဦး ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ဟန်ထွန်းနှင့် နန္ဒစိုင်းတို့ ပါဝင်သီဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 
 

Junction နှင့် CJ Entertainment တို့ ပူးပေါင်းတည်ဆောက်သည့် Screen သုံးခုပါ ရုပ်ရှင်ရုံ မန္တလေးမြို့တွင် ဧပြီလကုန်ပိုင်း ဖွင့်လှစ်မည်

Junction  ရုပ်ရှင်ရုံအုပ်စုနှင့် CJ  Entertainment တို့ ပူးပေါင်း တည်ဆောက်သည့် Screen သုံးခုပါ ရုပ်ရှင်ရုံကို မန္တလေးမြို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ရုံကို ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုတော်မွန်းအောင်၏တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်နှင့်မန္တလေးတို့တွင် ပြုလုပ်ရန်ရှိ

အဆိုတော်မွန်းအောင်၏တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်နှင့်မန္တလေးတို့တွင် ပြုလုပ်ရန်ရှိ
ဖျော်ဖြေပွဲကို မန္တလေးမြို့တွင် မတ်လ ၃ ရက်၊ ရန်ကုန်တွင် မတ်လ ၁၀ ရက်နေ့တို့၌ပြုလုပ်မည်

Miss Universe ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လိုအပ်သည့် ကုန်ကျစရိတ်ပိုင်းတွင် အခက်အခဲများစွာ ရှိနေဟု ဆို

Miss Universe ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် Miss Universe Organization အဖွဲ့မှ မြန်မာနိုင်ငံအား ကမ်းလှမ်းထားသော်လည်း လိုအပ်သည့် ကုန်ကျစရိတ်ပိုင်းတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု Miss Universe Myanmar Organization အဖွဲ့မှ ဒေါ်စိုးယုဝေက ရှင်းပြသည်။ Miss Universe 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး တစ်လခန့် စဉ်းစားဆုံးဖြတ်ရန် အချိန်ပေးထားသည်ဟု သိရသည်။ Miss Universe Myanmar Organization အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ အားကစားဝန်ကြီးဌာနများနှင့် ညှိနှိုင်းလျက်ရှိကာ ကုန်ကျစရိတ်များအ

သာမန် NGO အဖွဲ့အစည်း တစ်ခုဖြစ်သော ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှာပင် ဒီမိုကရေစီ နည်းလမ်းမကျသော ၀ိုင်းကြီးချုပ်စနစ်က ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်စရာ ဖြစ်လာ

သာမန် NGO အဖွဲ့အစည်းတစ်ခု၏ ရွေးကောက်ပွဲတွင်ပင် ကတိမတည်မှု၊ ရွေးကောက်ပွဲ ကော်မရှင်၏ အငြင်းပွားဖွယ် ဆုံးဖြတ်မှု စသည်တို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းကာ ယခင်လူဟောင်း အများစုပင် ပြန်လည်အရွေးချယ် ခံခဲ့ရသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲမှ ဒီမိုကရေစီ နည်းလမ်းမကျသော ၀ိုင်းကြီးချုပ်စနစ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အလေ့အကျင့်အတွက် စိုးရိမ်ဖွယ်ပင်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

NLD ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း ဆွမ်းအုပ်အား သိန်း ၂၆၀ ဖြင့် လေလံတင် ရောင်းချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဒုတိယမြောက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဧည့်ခန်းတွင် နှစ် ၂၀ ကြာ ထားရှိခဲ့သည့် ဆွမ်းအုပ်အား လေလံတင်ခဲ့ပြီး ကိုတိုး (အောင်ကျော်ဇောဖလင်)က ကျပ်သိန်း ၂၆၀ ဖြင့် လေလံအောင်မြင်ခဲ့သည်။ အဆိုပါ ငွေကြေးများကို ပညာရေးကွန်ရက် ရန်ပုံငွေအဖြစ် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လေးနှစ်ပြည့် ရန်ပုံငွေဖျော်ဖြေပွဲ နှစ်ရက်တိုင် ကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက်အတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ဇန်နဝါရီ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဟု သိရသည်။

စတုတ္ထအကြိမ်မြောက် ပညာရေးရန်ပုံငွေ ဖျော်ဖြေပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဈေးပွဲတော်နှင့်အတူ ညပိုင်းဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။ ဖျော်ဖြေရေး အစီအစဉ် နှစ်ရက်လုံးတွင် မန္တလေးမှ လူရွှင်တော်ကြီး ဦးပေါစိန်နှင့် ဦးချစ်စရာ၊ မေတ္တာရွှေစင်အဖွဲ့မှ လူရွှင်တော် မေတ္တာ၊ ချစ်ချောနှင့် ပွမ်ပွမ်တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူအား ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွား

သရုပ်ဆောင် ဒါရိုက်တာမင်းအုပ်စိုးက ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူအား နေအိမ်အခန်းအတွင်း ထိုးကြိတ်ကန်ကျောက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

Pee Mark ဇာတ်ကားမှ မင်းသမီး Davika Horrne နှင့် ထိုင်းမင်းသား Moss Patiphan Patavikran တို့ ရွှေတိဂုံနှင့် ဗိုလ်တထောင် စေတီတော်များသို့ သွားရောက်ဖူးမြော်

Pee Mark ဇာတ်ကား၏ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့် ထိုင်းမင်းသမီး Davika Horrne နှင့် ထိုင်းနိုင်ငံမှ နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင် Moss Patiphan Patavikran တို့သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ရွှေတိဂုံဘုရားနှင့် ဗိုလ်တထောင် စေတီတော်များသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။