သရုပ်ဆောင် ဆစ်ဒနီဆွစ်နေက I Pretend to Be a Missing Girl  ရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးကာ ပါဝင်သရုပ်ဆောင်မည်

သရုပ်ဆောင် ဆစ်ဒနီဆွစ်နေက I Pretend to Be a Missing Girl  ရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးကာ ပါဝင်သရုပ်ဆောင်မည်
Published 23 March 2025

သရုပ်ဆောင် ဆစ်ဒနီဆွစ်နေက I Pretend to Be a Missing Girl ရုပ်ရှင်ကို ကိုယ်တိုင်ရိုက်ကူးကာ ပါဝင်သရုပ်ဆောင်သွားမည်ဟု သိရသည်။

The Anyone But You သရုပ်ဆောင် ဆွစ်နေက ဂျိုးကော့တီ ရေးသားထားသည့် Reddit ဇာတ်လမ်းတိုကို အခြေခံ၍ ယင်းရုပ်ရှင်ကို ၎င်း၏ Fifty-Fifty ရုပ်ရှင်ထုတ်လုပ် ရေးကုမ္ပဏီမှတစ်ဆင့် ရိုက်ကူးထုတ်လုပ်သွား မည်ဖြစ်သည်။

I Pretend to Be a Missing Girl ရုပ်ရှင်ကို နာမည်ကျော် Forrest Gump ဖန်တီးသူ အဲရစ်ရော့သ်က ဇာတ်လမ်းရေးသားဖွယ်ရှိနေပြီး ရုံတင်ပြသမှုကို Warner Bros က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းရုပ်ရှင်သည် အခြေတကျ နေထိုင်ခြင်းမရှိသည့် မိန်းကလေးတစ်ယောက်က  ပျောက်ဆုံးနေသည့် မိန်းကလေးတစ်ယောက် ပုံစံအယောင်ဆောင်ပြီး အဆိုပါမိန်းကလေး၏ မိသားစုထံမှ ပစ္စည်းများ ခိုးယူဖောက်ထွင်းဖို့ ကြိုးပမ်းရာမှ ပြဿနာရင်ဆိုင်ရပုံကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။

ဆစ်ဒနီအပြင်၊ Vertigo ရုပ်ရှင်ကုမ္ပဏီမှ ရိုင်လီ၊ စတီဗင် ရှနိုက်ဒါ၊ ထရီဗောအန်ဂယ်ဆန်နှင့် အာရွန်ဖော်ဘီတို့လည်း ပရိုဂျူဆာများအဖြစ် ပါဝင်သွားမည်ဖြစ်သည်။

Euphoria ဇာတ်လမ်းတွဲသရုပ်ဆောင် ဆစ်ဒနီသည် ဒီဇင်ဘာလတွင် ရုံတင်ပြသမည့်  ချောက်ချားဖွယ်ရုပ်ရှင် Housemaid ရိုက်ကူးရေးဖြင့် အလုပ်ရှုပ်လျက်ရှိသည်။

Housemaid ရုပ်ရှင်တွင် မီလီ(ဆစ်ဒနီ)အမည်ရှိ မိန်းကလေးသည် ချမ်းသာသည့် စုံတွဲတစ်တွဲဖြစ်သော နီနာ(အမန်ဒါ ဆေးဖီး)နှင့် အန်ဒရူး(ဘရန်ဒန်ဆက်လီနာ)တို့အိမ်တွင် အိမ်အကူအဖြစ် အလုပ်ရရှိသွားသော ကြောင့် ငွေကြေးအတွက် စိတ်အေးသက်သာသွားသော်လည်း ယင်းမိသားစု၏ လျှို့ဝှက်ချက်သည် ၎င်းထင်ထားသည်ထက်ပို၍ အန္တရာယ်ရှိကြောင်း သိလိုက်ရသောအခါ ကြုံတွေ့ရမည့် အခြေအနေများကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်သည်။

ထို့ပြင် ဆစ်ဒနီသည် ခရစ်တီမာတင်၏ အတ္တုပတ္တိိရုပ်ရှင်နှင့် Scandalous စသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကား ဆက်လက်ထုတ်လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ် သည်။

Most Read

Most Recent