နာဝတ်နှင့် ပြဿနာတက်ခဲ့သည့် မက္ကဆီကိုအလှမယ် ဖာတီမာဘော့ရှ် Miss Universe 2025 သရဖူဆွတ်ခူး

နာဝတ်နှင့် ပြဿနာတက်ခဲ့သည့် မက္ကဆီကိုအလှမယ် ဖာတီမာဘော့ရှ် Miss Universe 2025 သရဖူဆွတ်ခူး
Published 21 November 2025
Ref: BBC

နိုဝင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် ၇၄ ကြိမ်မြောက် Miss Universe အလှမယ်ပြိုင်ပွဲတွင် မက္ကဆီကိုအလှမယ် ဖာတီမာဘော့ရှ်က သရဖူဆွတ်ခူးရရှိသွားသည်။ ဖာတီမာသည် ပြိုင်ပွဲကာလအစောပိုင်းတွင် Miss Universe ထိုင်းဒါရိုက်တာ နာဝတ်နှင့် ပြဿနာတက်ခဲ့သူဖြစ်သည်။

Top 5 ထဲမှတစ်ဦးဖြစ်သည့် ထိုင်းအလှမယ် ပရာဗီနာဆင်းက 1st runner-up ဆုရရှိခဲ့ပြီး ဗင်နီဇွဲလား၊ ဖိလစ်ပိုင်နှင့် အိုင်ဗရီကို့စ်အလှမယ်တို့က 2nd၊ 3rd နှင့် 4th runner-up ဆုများ အသီးသီးရခဲ့ကြသည်။

ထိုင်းနိုင်ငံသည် Miss Universe ပြိုင်ပွဲကို စတုတ္ထအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်းအလှမယ်ပရာဗီနာဆင်းက Winner  ဆုအတွက် ပရိသတ်အကြိုက်ဆုံးပြိုင်ပွဲဝင် ဖြစ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ စတင်ဖြစ်ပေါ်လာသည့် Miss Universe ပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အလှမယ်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်ပြီး ပြိုင်ပွဲကာလတွင်းဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများသည် ထိုင်းနှင့်မက္ကဆီကို ပိုင်ရှင်များအကြား ယဉ်ကျေးမှုနှင့် ဗျူဟာပိုင်းဆိုင်ရာ ကွဲပြားမှုများကို  ပြသနေသည်ဟု လေ့လာသုံးသပ်သူများက ယူဆသည်။

ယခုနှစ်ပြိုင်ပွဲကို Miss Grand International တည်ထောင်သူဖြစ်သည့် နာဝပ်က စီစဉ်ကြီးကြပ်သူဖြစ်ပြီး နာဝတ်က အသက် ၂၅ နှစ်အရွယ် မက္ကဆီကို အလှမယ်ဖာတီမာကို ပြိုင်ပွဲဝင်များစွာရှေ့တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၄ ရက်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအတွင်း Miss Universe ပြိုင်ပွဲဝင်များနှင့်  တွေ့ဆုံချိန် နာဝတ်က  ဖာတီမာကို ထိုင်းနိုင်ငံနှင့်ပတ်သက်သည့်အကြောင်းအရာများကို ကြော်ငြာပေးခြင်းမရှိသည့်အတွက် ပြစ်တင်ပြောခဲ့ရာမှ အချေအတင်ဖြစ်ကြပြီး ဖာတီမာက အခန်းထဲမှထွက်သွားခဲ့သည်။

အလှမယ်အချို့လည်း အခန်းထဲမှထထွက်သွားသဖြင့် နာဝတ်က ပြိုင်ပွဲဝင်များကို အခန်းထဲမှမထွက်ရန်တားမြစ်ခဲ့သည်။ထို့နောက် နိုဝင်ဘာ ၅ ရက်ည Miss Universe 2025 အတွက် ကြိုဆိုပွဲအခမ်းအနားအတွင်း နာဝတ်က ဖိအားများကြောင့်ဟုဆိုကာ ပြန်တောင်းပန်ခဲ့သည်။

သို့သော် ပြိုင်ပွဲကျင်းပရေးကို လွှဲပြောင်းတာဝန်ယူရန် နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခံခဲ့ရသည်။တစ်ပတ်အကြာတွင် ဒိုင်ရှစ်ဦးအဖွဲ့မှနှစ်ဦး နုတ်ထွက်သွားပြီး ၎င်းတို့ထဲမှတစ်ဦးက ပွဲစီစဉ်သူများသည် ပြိုင်ပွဲရွေးချယ်မှုအပိုင်းတွင် အကြံအဖန်များရှိသည်ဟု ဖွင့်ချခဲ့သည်။

Most Read

Most Recent