အေဂျင်စီနှင့် အမှုဖြစ်နေသည့် New Jeans ကေပေါ့ပ်အဖွဲ့ကို သီးခြားရပ်တည်ခွင့်မပြုကြောင်း တောင်ကိုရီးယားရုံးတော်က စီရင်ချက်ချ

အေဂျင်စီနှင့် အမှုဖြစ်နေသည့် New Jeans ကေပေါ့ပ်အဖွဲ့ကို သီးခြားရပ်တည်ခွင့်မပြုကြောင်း တောင်ကိုရီးယားရုံးတော်က စီရင်ချက်ချ
Published 21 March 2025

Ador အေဂျင်စီနှင့်လက်တွဲဖြုတ်ကာ သီးခြားရပ်တည်ရန် ကြိုးပမ်းနေသည့် နာမည်ရကေပေါ့ပ်အဖွဲ့New Jeans အား ယင်းသို့  ရပ်တည်ခွင့်မပြုကြောင်း တောင်ကိုရီးယားတရားရုံးက မတ်လ ၂၁ ရက်တွင် စီရင်ချက်ချလိုက်သည်။

ရုံးတော်အမိန့်အရ NJZ ဆိုသည့်အဖွဲ့ နာမည်သစ်ဖြင့် ဆက်လက်ရပ်တည်သွားမည့် New Jeans အဖွဲ့သည် သီချင်းသစ်ထွက်မှုမှ အစကြော်ငြာကိစ္စများ လက်ခံမှုအဆုံးမည်သည့် သီးခြားဂီတလှုပ်ရှားမှုမှ ပြုလုပ်ခွင့်မရှိပေ။ New Jeans အဖွဲ့က မတူမတန်ဆက်ဆံခံရမှု ၊ဗိုလ်ကျခံရမှုအပါအဝင် စာချုပ်ချိုး ဖောက်မှုများကို  Ador အေဂျင်စီဘက်မှ မဖြေရှင်းပေးသည့်အတွက် အေဂျင်စီနှင့်လက်တွဲဖြုတ်ကြောင်း  ၂၀၂၄  ခုနှစ် ၊ နိုဝင်ဘာ ၂၈ ရက်ညတွင် ကြေညာခဲ့သည်။

Ador သည် ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီ Hybe ၏ လက်ခွဲဖြစ်ပြီး Hybe ၏ အအောင်မြင်ဆုံး ကေပေါ့ပ်အဖွဲ့များထဲ BTS ပြီးလျှင် New Jeans အဖွဲ့လည်းပါဝင်သည်။

အေဂျင်စီဘက်ကလည်း နာမည်သစ်ကိုမသုံးဘဲ New Jeans ဟုသာ ဆက်လက်သုံးစွဲရန် မီဒီယာများအား သတိပေးမှုနှင့်အတူ  အဖွဲ့ဝင်များနှင့် အေဂျင်စီတို့ကြားစာချုပ်က တရားဝင်နေဆဲဖြစ်ပြီး အဖွဲ့ဘက်က စာချုပ်ဖျက်သိမ်းခြင်းသည် တစ်ဖက်သတ်သာ ဖြစ်သည်ဟု ရုံးတော်မှတစ်ဆင့် သတိပေးခဲ့ပြီးဖြစ်သည်။ သီးခြားလှုပ်ရှားခွင့်မပေးသည့် ယခုစီရင်ချက်ကြောင့် မတ်လ ၂၃ ရက်တွင်ထွက်မည့် ၎င်းတို့အဖွဲ့၏ သီချင်းသစ်ထွက်ဖြစ် ၊ မထွက်ဖြစ် မသေချာတော့ပေ။

New Jeans နှင့် Ador တို့ကြားပဋိပက္ခက ၂၀၂၄ ခုနှစ် ၊ သြဂုတ်လတွင် စတင်ပေါ်ပေါက်လာခဲ့သည်။၎င်းတို့ အဖွဲ့ကိုသင်ကြားပြ သပေးသည့်ဆရာ ၊ အမျိုးသမီးစီအီးအို မင်ဟီးဂျင်အား  Hybe က အလုပ်ထုတ်လိုက်သည့်ကိစ္စမှ အကြောင်းပြု၍ ပြဿနာကြီးထွားလာခြင်း ဖြစ်သည်။ အဖွဲ့ဝင်ဟန်နီကဆိုလျှင် လုပ်ငန်းခွင်အတွင်း မတူမတန်ဆက်ခံခဲ့ရသည်ဟု ထုတ်ပြောခဲ့သည်။ နောက်ပိုင်းတွင် အေဂျင်စီလက်အောက်မှ တရားဝင်ခွဲထွက်ခွင့်ရရေး New Jeans ဘက်က ဥပဒေကြောင်းအရ ကြိုးစားလာကြသည်။၂၀၂၂ ခုနှစ်တွင် ကေပေါ့ပ် လောကသို့ စတင်ဝင်လာသည့် News Jeans သည် ၎င်းတို့လွတ်လပ်ခွင့်ကို တိုက်ယူသည့်အနေဖြင့် အင်စတာဂရမ်အကောင့်သစ်ကို Jeanzforfree နာမည်ဖြင့် ဖွင့်ထားသည်။

Most Read

Most Recent