နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ညွှန်ကြားလာပါက အလံတစ်ရာ နယ်မြေအတွင်း သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်မည်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ညွှန်ကြားလာပါက အလံတစ်ရာ နယ်မြေအတွင်း သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်မည်
Published 30 October 2017

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာရှိ အလံတစ်ရာ သာသနာ့နယ်မြေ၌ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (မဟန) မှ ညွှန်ကြားလာပါက သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရက မိန့်ကြားသည်။

“ဆရာတော်တို့ အနေနဲ့က ညွှန်ကြားချက်မရှိရင် ဘာမှလုပ်လို့တော့ မရဘူး။ မဟနအဖွဲ့ ဆုံးဖြတ်ချက်က အဓိက ဖြစ်သွားပြီ။ လူပိုင်းဆိုင်ရာတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက သူတို့အရေးယူ ဆောင်ရွက်သွားလိမ့်မယ် ဆိုတာကို ကြေညာထားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

“လက်ရှိမှာတော့ သထုံမြို့နယ် သံဃမဟာနာယက အဖွဲ့က အလံတစ်ရာ ကိစ္စကို ဆောင်ရွက်နေသော်လည်း အဲဒီမှာ ရှိနေတဲ့ အလံတစ်ရာနယ်မြေ သာသနာပြုအဖွဲ့က လိုက်နာဆောင်ရွက်ခြင်း မရှိဘူး။ သာသနာ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ဖို့ အတွက်ဆိုရင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ သူတို့လုပ်နေတာတွေကို ဓမ္မစက်နဲ့ တားမြစ်တယ်။ ဒါပေမဲ့ သူတို့က ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ဆက်လုပ်တယ်။ လူထုက မခံနိုင်တော့ ဓမ္မစက်နဲ့ ဆောင်ရွက်လို့မရတော့ အာဏာစက်နဲ့ ဆောင်ရွက်တယ်” ဟု မွန်ပြည်နယ် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရက မိန့်ကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ်ရှိ အလံတစ်ရာ သာသနာ့နယ်မြေ အတွင်းရှိ အလံတစ်ရာ စေတီတော်ကြီး ပြုပြင်မှုနှင့် ပတ်သက်၍ စေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင်အချို့ သထုံမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေရသည့်အပြင် အလံတစ်ရာ သာသနာ့နယ်မြေအတွင်း ဖြစ်ပွားခဲ့သည်ဆိုသော ပန်းဦးလွှတ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ခွန်တန် (ခ) ဇာတ်လိုက် အပါအဝင် ခုနစ်ဦးကို သထုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၆၆/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent