အသင်း၏ သစ်လွင်သောစီမံကိန်းများကြောင့် နာပိုလီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကွန်တီပြောကြား

အသင်း၏ သစ်လွင်သောစီမံကိန်းများကြောင့် နာပိုလီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကွန်တီပြောကြား
Photo: Getty Images
Photo: Getty Images
Published 8 June 2024

 

နာပိုလီအသင်းနည်းပြသစ်ကွန်တီက သစ်လွင်သည့်အနာဂတ်စီမံကိန်းများရှိသည့်အတွက် နာပိုလီအသင်းအားရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ 

ကွန်တီသည် နည်းပြဘဝတစ်လျှောက်တွင်  အရီဇို၊ ဘာရီ၊ အတ္တလန်တာ၊ ဆီနာ၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်အစရှိသည့် အီတလီကလပ်အသင်းများနှင့် အီတလီလက်ရွေးစင်အသင်းတို့အပြင် ချယ်လ်ဆီး၊ စပါးအစရှိသည့် ပရီးမီးယားလိဂ်ထိပ် သီးအသင်းများကိုလည်း ကိုင်တွယ်ခဲ့ပြီး စီးရီးအေ ဖလား (၄) ကြိမ်၊ ပရီးမီးယားလိဂ်တစ်ကြိမ်အပါအဝင် ဆုဖလား (၈)လုံးအထိရယူနိုင်ခဲ့သူဖြစ်သည်။ 

ကွန်တီက "နာပိုလီဟာ ကမ္ဘာလုံးဆိုင်ရာအတွက် အရေးကြီးတဲ့နေရာဒေသတစ်ခုပါ။ ဒီနေရာမှာ ကျွန်တော့်စိတ်ကူးတွေ ကွန့်မြူးရမယ့်အပေါ် ပျော်ရွှင်ကျေနပ်မိသလို စိတ်လည်းလှုပ်ရှားမိပါတယ်။ ကျွန်တော်သေချာပေါက် ကတိပေးနိုင်တာတစ်ခုက နာပိုလီကလပ်အသင်းနဲ့ ဒီနေရာအတွက် ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ပေးဆပ်သွားမယ်ဆိုတာပါ ပဲ" ဟုပြောကြားခဲ့သည်။ 

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကလည်း ကွန်တီကဲ့သို့ ထိပ်တန်း နည်းပြတစ်ဦးကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့ခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်းနှင့် နာပိုလီအသင်း၏ အနာဂတ်စာမျက်နှာသစ်နှင့် သမိုင်းအတွက် အရေးပါသည့်အချိန်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent