■ နီကိုဝီလျံစ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်းနေဆဲ     

■ နီကိုဝီလျံစ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်းနေဆဲ     
Published 31 May 2024

အာဆင်နယ်အသင်းသည် ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလျံစ်ကို ခေါ်ယူရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

နီကိုဝီလျံစ်(၂၁ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဘီလ်ဘာအိုအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဥရောပထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံနေရသည်။ 

၎င်းသည် ဘီလ်ဘာအိုအသင်းတွင် ဆက်ကစားသွားလိုသည်ဟု ပြောကြားထားသော်လည်း ပေါင်သန်း(၄၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းကြောင့် အာဆင်နယ်အသင်းက ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။ 

စပိန်လက်ရွေးစင်တိုက်စစ်ကစားသမား နီကိုဝီလျံစ်အား အာဆင်နယ်အပြင် လီဗာပူးလ်နှင့် ဘာစီလိုနာအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

နီကိုဝီလျံစ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဘီလ်ဘာအိုအသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲတွင် (၈) ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent