ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိ
Published 26 February 2024

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ်သိန်း ၇၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးတွင် ရပ်စောက်မှ နောင်ချိုဘက်သို့ စိုင်းယီလှိုင်း မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ကျပ်သိန်း ၇၁၅၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent