ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံရ
Published 9 April 2024

မွန်ပြည်နယ် ဘီးလင်းမြို့ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် အထွေေထွေအုပ်ချုပ်ရေးမှူးရုံး ဧပြီ ၉ ရက် နံနက်ပိုင်းက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ဧပြီ ၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က အဆိုပါဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းမှ ပေါက်ကွဲသံ သုံးကြိမ် ကြားလိုက်ရကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရုံးပေါ်ကို Drop Bomb ကျလို့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ကြားတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု ပြောကြားသည်။

ထိုသို့ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခံခဲ့ရသည့်အတွက်ကြောင့် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အမိုး၊ မျက်နှာကြက်နှင့် ပြတင်းပေါက်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း လုံခြံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းကလည်း Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံခဲ့ရဖူးပြီး ဧည့်သည်များနားနေသည့် အဆောက်အအုံခေါင်မိုးပေါ်သို့ Drop Bomb ကျပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent