မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုရပ်တန့်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ငါးချက်ကို အမြန် အကောင်အထည်ဖော်ရန် ထည့်သွင်းတိုက်တွန်း

မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုရပ်တန့်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ငါးချက်ကို အမြန် အကောင်အထည်ဖော်ရန် ထည့်သွင်းတိုက်တွန်း
Published 19 June 2021
(Reuters)

မြန်မာနိုင်ငံသို့ စစ်လက်နက် တင်ပို့မှုများရပ်တန့်ရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဇွန် ၁၈ ရက်တွင်ပြုလုပ်သည့် ဆုံးဖြတ်ချက်တွင် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ငါးချက်ကို အမြန်အကောင်အထည်ဖော်ရန်လည်း ထည့်သွင်း တိုက်တွန်းတိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ရန်နှင့် အင်တာနက်နှင့်ဆိုရှယ်မီဒီယာအပေါ် ကန့်သတ်မှုများကို ရပ်တန့်ရန်လည်း အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင် တောင်းဆိုထားကြောင်း သိရသည်။

ယင်းအပြင် ဧပြီလက ပြုလုပ်ခဲ့သည် မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးမှာ ရရှိခဲ့တဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း ကုလသမဂ္ဂအထွေထွေညီလာခံက တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များကို လေးစားရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၁၉မဲ၊ ကြားနေမဲ ၃၆ မဲနှင့် ကန့်ကွက်မဲတစ်မဲဖြင့် အတည်ပြုခဲ့တာ ဖြစ်ခြင်းသည်။

အဆိုပါဆုံးဖြတ်ချက်ကို တရုတ်၊ ရုရှားနှင့် အိန္ဒိယအပါအဝင် နိုင်ငံ ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ပြီး ဘယ်လာရုစ် တစ်နိုင်ငံတည်းကသာ ကန့်ကွက်မဲပေးခဲ့ကြောင်းသိရသည်။

အထွေထွေ ညီလာခံ၌ မဲခွဲအတည်ပြုရာတွင် အာဆီယံ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့က ထောက်ခံမဲပေးခဲ့ပြီး ဘရူနိုင်း၊ ကမေ ္ဘာဒီးယား၊ လာအိုနှင့်ထိုင်း နိုင်ငံတို့က မဲမပေးဘဲ ကြားနေခဲ့ကြောင်း သိရသည်။

ဇွန် ၁၈ ရက်အစောပိုင်းတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အထွေထွေညီလာခံကို တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ စစ်အာဏာသိမ်းမှုတွေက အစဉ်အလာတစ်ခုလို ဖြစ်လာတဲ့ ကမ ္ဘာကြီးမှာ မနေထိုင်နိုင်ပါဘူး။ အဲဒါက လုံးဝကို လက်သင့်မခံနိုင်စရာပါပဲ" ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခွင့် ပိတ်ပင်ရေး တောင်းဆိုထားသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကနဦးဆုံးဖြတ်ချက်မူကြမ်းတွင် ပိုမိုပြင်းထန်သည့် အသုံးအနှုန်းများ ပါဝင်ခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်ကိုးနိုင်ငံက အဆိုပါအသုံးအနှုန်းများကို ဖယ်ရှားရန် ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။ 

ပြန်လည်ညှိနှိုင်း ပြင်ဆင်ထားသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံဆီ စစ်လက်နက်ပစ္စည်းများ မရောက်ရှိအောင် တားဆီးရန် အဖွဲ့ဝင်နိုင်ငံ အားလုံးကို တိုက်တွန်းထားသည်။

အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်များကို တရားဝင် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန် မလိုအပ်သော်လည်း နိုင်ငံရေးအရ သြဇာသက်ရောက်မှုရှိမည်ဖြစ်သည်။

အထွေထွေ ညီလာခံတွင်အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီကဲ့သို့ မည်သည့်နိုင်ငံကမျှ ှ ဗီတိုအာဏာ သုံးစွဲခွင့်မရှိပေ။