ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နှင့် တရုတ်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်နေမှုနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နှင့် တရုတ်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်နေမှုနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး
■ Photo - Chinese Embassy in Myanmar
■ Photo - Chinese Embassy in Myanmar
Published 11 April 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းတို့ ဧပြီ ၁၁ ရက်တွင် နေပြည် တော်၌ တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်ဦးနှစ်ဖက် က တရုတ်-မြန်မာ နှစ်နိုင်ငံ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲ တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုး တက်မှုများရရှိခြင်းကို အပြုသဘောဆောင် စွာ သုံးသပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှု ကို ဆက်လက်နက်ရှိုင်းစွာ ဖော်ဆောင်သွား ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုး စီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့် ရှောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန် ဟိုင်းသည် ဧပြီ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖော် ဆောင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေး စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း ၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent