မြန်မာ့တပ်မတော်ကို လေယာဉ်လောင်စာဆီ ရောင်းချခြင်းမပြုရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အတည်ပြု

မြန်မာ့တပ်မတော်ကို လေယာဉ်လောင်စာဆီ ရောင်းချခြင်းမပြုရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အတည်ပြု
Published 5 April 2024
Ref:UN, Amnesty International

မြန်မာ့တပ်မတော်ထံ လေယာဉ်လောင်စာစီ တင်ပို့ပေးခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ကို လုပ်ဆောင်ခြင်းမပြုရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပထမဆုံးအကြိမ် တောင်းဆိုထားသော ဆုံးဖြတ်ချက်အား ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်တွင် အတည်ပြုခဲ့သည်။

သက်ဆိုင်ရာ နိုင်ငံနှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ၊ အပြည်ပြည်ဆိုင်စံနှုန်းများ၊ စံများနှင့်အညီ လေယာဉ်ဆီထောက်လှမ်းရေးပစ္စည်းများနှင့် နည်းပညာများ၊ လူကို သေစေနိုင်ခြင်းမရှိသော လက်နက်များတင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ကို ရှောင်ကြဉ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ယင်းဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။

ထို့အပြင်  အဆိုပါအရာများကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ တင်ပို့ခြင်း၊ ၎င်းတို့ကို တပ်ဆင်ခြင်းတို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်နိုင်သည်ဟူသော ယုံကြည်လောက်စရာ အကြောင်းများရှိမည်ဆိုပါက ၎င်းတို့ကို မြန်မာတပ်မတော်ထံ ရောင်းချခြင်းအား ရှောင်ရန် ဆုံးဖြတ်ချက်က တောင်းဆိုထားသည်။

တရုတ် တစ်နိုင်ငံတည်းကသာလျှင် အများသဘောတူညီချက်ကို မထောက်ခံသည့် နိုင်ငံဖြစ်သည်ဆိုသော်လည်း မဲခွဲရန်ဆော်သြခြင်းဖြင့် ဆုံးဖြတ်ချက်ကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။

Most Read

Most Recent