နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပရန်နှင့် လက်ရှိပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများဖော်ထုတ်နိုင်ရေး ဆောင်ရွက်မည်ဟု 7 NCA-SEAO ထုတ်ပြန်

နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပရန်နှင့် လက်ရှိပဋိပက္ခများဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများဖော်ထုတ်နိုင်ရေး ဆောင်ရွက်မည်ဟု 7 NCA-SEAO ထုတ်ပြန်
Published 18 March 2024

နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပရန်နှင့် လက်ရှိပဋိပက္ခများကိုဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်ရန် ဆောင်ရွက်မည်ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်ခုနစ်ဖွဲ့က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို မတ် ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ ပြင်ဆင်ရေးအလုပ်အဖွဲ့မှ တင်သွင်းသော နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များနှင့် 7 NCA-SEAO ပြန်လည်ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်းတို့ကို ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 NCA Alliance ကိုဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ 7 NCA Alliance သည် လျင်မြန်စွာဖြစ်ပေါ်နေသာ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အကျေအလည်ဆွေးနွေးပြီးနောက် နိုင်ငံရေးသဘောများကို ချမှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံရေးသဘောထားများမှာ မိမိတို့၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်မည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများ ဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပာယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် 7 NCA Alliance သည် ရည်မှန်းချက်များအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ် ပေါ်လာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ် ကျင်းပသွားရန်၊ လက်ရှိပဋိပက္ခကိုဖြေရှင်းရာတွင် ငြိမ်းချမ်းစွာအဖြေရှာလိုသော အင်အားစုများ၏ သဘောထားများဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန်တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခုချမှတ်ခဲ့သည့် နိုင်ငံရေးလုပ်ငန်းစဉ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းတို့ဦးဆောင်ပြီး 7 NCA Alliance ၏ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းတာ ဝန်ပေးအပ်ကြောင်း၊ အတွင်းရေးမှူးအဖွဲ့၌ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစိုင်းငင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောကျော်ညွန့်၊ အဖွဲ့ဝင်များအဖြစ် နိုင်အောင်မငေး၊ ဗိုလ်မှူးချုပ်စောစိန်ဝင်း၊ ကျာယာကုပ်၊ ဗိုလ်မှူးကြီးခိုင်ကျော်လှိုင်နှင့် PNLO အဖွဲ့ဝင်တစ်ဦး၊ Coordinator အဖြစ် ဦးမျိုးဝင်းတို့က တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

7 NCA Alliance အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကာ ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းအားထုတ်မည်ဟု ထုတ်ပြန်သည်။

Most Read

Most Recent