ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် ပြောကြား
Published 5 April 2024
Ref:CGTN

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်တွင် တတ်နိုင်သမျှ မြေပြင်အခြေအများ အမြန်ဆုံး တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်မည်ဟု ဧပြီ ၄ ရက်တွင် တရုတ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ တရုတ်၏ သဘောထားကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကျန်ရွှမ်းက ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာစိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့ရသည့် မကြာသေးမီက တိုက်ပွဲွများသည်    မြန်မာ့ပြည်တွင်းရေးကိစ္စသာဖြစ်သောကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာ့အချုပ်အခြာအာဏာကို လေးစားရန်နှင့် သက်ဆိုင်ရာအဖွဲ့များ၏ ဆွေးနွေးမှုများကို ကူညီဆောင်ရွက်ပေးရန် ကျန်ရွှမ်းက တိုက်တွန်းခဲ့သည်။

“မြန်မာရဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပဋိပက္ခကို ဖြေရှင်းပေးရန် တရုတ်၏ ချဉ်းကပ်နည်းကို ပြောကြားရေးအတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် လတ်တလောတွင် မြန်မာနိုင်ငံကို ရောက်ရှိနေသည်ဟု ကျန်းရွှမ်က ပြောကြားခဲ့သည်။

Most Read

Most Recent