ဂါဇာမှ ဆရာဝန်များနှင့် ကမ္ဘာ့ရောဂါ

ဂါဇာမှ ဆရာဝန်များနှင့် ကမ္ဘာ့ရောဂါ
Published 13 September 2020
မြတ်သစ်

ဒေါက်တာ အာမက်အယ်ရာဘီသည် ဂါဇာကမ်းခြေဒေသတွင် အမှုထမ်းခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ ဆရာဝန် တစ်ဦးအဖြစ် အစ္စရေးနှင့် ပါလက်စတိုင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသော ပါလက်စတိုင်းတွေကို ဆေးကုသပေးရသောလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ဂါဇာကမ်းခြေဒေသကို ပိတ်ဆို့ထားလိုက်ရပြီဖြစ်သည်။ သူတစ်ပါးကို ဆေးကုသပေးခဲ့သော ဆရာဝန်သည် ယခုအချိန်တွင် သူကိုယ်တိုင် လူနာဘဝသို့ ရောက်ရှိခဲ့ရသည်။

ဒေါက်တာ အယ်ရာဘီသည် ဂါဇာ ကမ်းခြေတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ပထမဆုံး ကျန်းမာရေးဝန်ထမ်းဖြစ် လာသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပျံ့နှံ့ သွားခြင်းကြောင့် အခြားသော ကျန်းမာရေး လုပ်သားများနှင့်အတူ ဒေါက်တာ အယ်ရာ ဘီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ် သည်။ ပြီးခဲ့သည့်လက ရောဂါပိုးရှိမရှိစစ် ဆေးခဲ့ရာမှ ရောဂါကူးစက်ခံနေရကြောင်း  တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း  များအနေဖြင့် ရောဂါနှင့် လူနာမမျှအောင် ရှိနေခြင်းကြောင့် အလုပ်ဒဏ်တွေ ပိုပိနေရ သည်။

ဂါဇာကမ်းခြေဒေသရှိ ဆေးရုံနှစ်ရုံ သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူများ ကို လက်ခံကုသပေးလျက်ရှိသည်။ ကိုရိုနာ ဗိုင်းရပ်စ်သည် စစ်ပွဲထက် ပို၍ အန္တရာယ် ကြီးမားကြောင်း ဒေါက်တာ အယ်ရာဘီက ထုတ်ဖော်ပြောကြားလိုက်သည်။

“စစ်ပွဲတွေ၊ တိုက်ပွဲတွေမှာက ချွန်ထက် တဲ့အရာ၊ ကျည်ဆန်စတာတွေ မတော်တဆ  ထိမှန်မှာဘဲ စိုးရိမ်ရပါတယ်။ ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ဘယ် ကနေဘယ်လို ကူးစက်ခံရမလဲဆိုတာ မသိနိုင်တော့ အမြဲစိုးရိမ်ပူပန်နေရတယ်။ ရောဂါ ပိုးက လုပ်ဖော်ကိုင်ဖက်ဆီက ဖြစ်ဖြစ်၊ လူနာ ဆီက ဖြစ်ဖြစ်၊ ဓာတ်လှေခါးကို လက်နဲ့ ထိ လိုက်လို့ပဲဖြစ်ဖြစ် ကူးစက်နိုင်တယ်”ဟု ဒေါက်တာ အယ်ရာဘီက ပြောကြားလိုက် သည်။

၂၀၀၇ ကတည်းက ဂါဇာကမ်းခြေဒေသသည် အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့ မှုခံခဲ့ရသည်။ ထို ပိတ်သိမ်းမှုက ဟားမားစ် တွေကို အထီးကျန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ စစ်သွေးကြွ ဟားမားစ်လက်နက် ကိုင်တပ်ဖွဲ့သည် ၂၀၀၇ တွင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထံမှ ဂါဇာကမ်းခြေဒေသ ကို သိမ်းယူထားခဲ့သည်။ ဤအတွက် ဂါဇာ ကမ်းခြေဒေသကို ပိတ်ဆို့လိုက်ခြင်းသည် နိုင်ငံရေးအစဖြစ်သည်။

ယခုတစ်ကြိမ် ပိတ်ဆို့ခြင်းက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုမဖြစ်စေရန် ဖြစ်သည်။ ပိတ်ဆို့ထားလိုက်ခြင်းကြောင့် လူအနည်း ငယ်သာ ဝင်ထွက်သွားလာခွင့်ရရှိပြီး ဟား မားစ်တွေက ဂါဇာကမ်းခြေဒေသမှ ထွက်ခွာ ပြီး ပြန်ဝင်လာသူမှန်သမျှ ကွာရင်တင်း စင်တာတွင် သုံးပတ်နေရမည်ဟု ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် နှစ်လခန့်ကတည်းက ဂါဇာ ကမ်းခြေဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူး စက်ခံရသူ လူအနည်းငယ်ခန့်ကို သီးသန့် ထားရှိခဲ့သည်။ သို့သော် သြဂုတ် ၂၄ တွင် ဂါဇာတွင် နေထိုင်သူများကို ရောဂါပိုးရှိမရှိ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ရောဂါပိုးရှိနေသူ တစ်ဦးကို တွေ့ရှိရာမှစ၍ လူအများရောဂါ ကူးစက်ခံနေရသည်ကို စုံစမ်းနိုင်ခဲ့သည်။ ဟားမားစ်တို့က ရောဂါရှိမရှိ စမ်းသပ်မှုများ ကို ကန့်သတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပိုးရှိ သူ တစ်ထောင်ခန့် တွေ့ရှိခဲ့သည်။ သေဆုံး သူ ကိုးဦးရှိခဲ့သည်။

ရောဂါပျံ့နှံ့မှု မြန်ဆန်ခြင်းကြောင့် ကျန်းမာရေးလုပ်သားများအတွက် အခက် အခဲတွေ ကြုံတွေ့ရသည်။ ဆရာဝန်တွေ၊ သူနာပြုတွေလည်း ဆယ်စုနှစ်တစ်ခုစာမျှ အစ္စရေးနှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် ဒဏ် ရာရသူတွေ ကုသပေးခဲ့ကြရသည်။ သူတို့ အတွက် အဓိကပြဿနာက ဂါဇာတွင် ကျန်း မာရေးစောင့်ရှောက်မှုစနစ်က ချွတ်ယွင်းမှု တွေ များစွာရှိနေသည်။ နိုင်ငံရေးအရ ပိတ် ဆို့ထားမှု၊ ပါလက်စတိုင်း နိုင်ငံရေးပြဿနာ များကြောင့် ဆရာဝန်တွေ၊ သူနာပြု တွေနှင့် အထွေထွေလုပ်သားများသည် လစာငွေ မလုံလောက်ပဲ ရနေကြသည်။

ယခုအချိန်တွင် ဆရာဝန်၊ သူနာပြုနှင့် အထွေထွေလုပ်သားများကို ကိုရိုနာဗိုင်း ရပ်စ်က ကိုယ်ရောစိတ်ပါ အတိဒုက္ခရောက် အောင် နှိပ်စက်လျက်ရှိသည်။ ကျန်းမာရေး ဝန်ထမ်း ၆၈ ဦးခန့် ရောဂါကူးစက်ခံနေရ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူ အာမက်ရှာတက်က ပြောကြားခဲ့သည်။

ဂါဇာတွင် ပါလက်စတိုင်း လူမျိုးနှစ် သန်းခန့် နေထိုင်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်လာနေခြင်းကြောင့်  မူလကတည်းက ကျန်းမာရေးစောင့်ရှောက် မှု ညံ့ဖျင်းနေသည်။ အင်မတန်မှ စိုးရိမ်စရာ ကောင်းသည့် အခြေအနေရောက်ရှိနေ သည်။

“ရောဂါပျံ့နှံ့မှု မြင့်တက်လာရင် ဘယ် လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အရေးပေါ် ကုသဆောင်တွေမှာ ကုတင်တွေ လို အပ်နေပါတယ်။ ဒါပြင် အသက်ရှူစက်တွေ  လည်း လိုအပ်နေပါတယ်” ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ ပြတ်လတ်မည့် အခြေအနေရှိနေ ကြောင်း ရှာဘတ်က ကြိုတင်သတိပေးထားခဲ့သည်။

ဆရာဝန်၊ သနာပြုနှင့် ကျန်းမာရေး ဝန်ထမ်းများ လျော့နည်းမည့်အရေးမှ ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန က ရောဂါကူးစက်ခံရသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကွာ ရင်တင်း သုံးပတ်ဝင်ရမည့်အစား နှစ်ပတ် သာဝင်ရမည်ဟု ကြေညာခဲ့သည်။ ဤကဲ့သို့ ကွာရင်တင်းဝင်ရမည့်ရက်ကို တစ်ပတ် လျှော့ချပေးလိုက်သည့်တိုင် ဝန်ထမ်းမလုံ လောက်ပေ။

“ခေတ်မီတဲ့ ကျန်းမာရေးစောင့်ရှောက် မှုရှိတဲ့ နိုင်ငံတွေမှာတောင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်သေးတာကြောင့် ကျွန်တော်တို့လို ကျန်းမာရေးစောင့်ရှောက် မှု မကောင်းတဲ့ ဂါဇာမှာ ဒီကျန်းမာရေး အကျပ်အတည်းကို ဘယ်လိုမှ ကျော်လွှား နိုင်မှာ မဟုတ်ပါဘူး” ဟု ရှာဘတ်က ပြော ကြားခဲ့သည်။

အီဂျစ် ဆေးတက္ကသိုလ်တွင် ပညာသင် ယူခဲ့သော ဒေါက်တာ အယ်ရာဘီသည် ၂၀၀၈ ခုနှစ်တွင် ဂါဇာသို့ ပြန်လည် ရောက် ရှိလာသည်။ သူက မွေးရပ်ဇာတိကို ပြန်သာ ပြန်လာခဲ့ရသည်။ သူ့အတွက် အနာဂတ် သည် မှုန်တိမှုန်ဝါးဖြစ်နေတာကို သူသိသည်။ သူ့အတွက် တခြားနေရာမှာ အလုပ်မရ။ ဟားမားစ်တွေ ဖွင့်လှစ်ထားသော ဆေးရုံမှာ အလုပ်ဝင်ရသည်။ ၂၀၁၀ ပြည့်တွင် အလုပ် ရသည်။ စီးပွားရေး ချွတ်ခြုံကျနေသည်။ အစိုးရသည် လခအပြည့် မပေးနိုင်။

“ကျွန်တော်တို့ ရမယ့်လစာငွေရဲ့ ရာ ခိုင်နှုန်း ၄၀ သာရတယ်။ ဒီတော့ ဆရာဝန် တွေဟာ အပြင်ဆေးခန်းမှာ ထိုင်ရတယ်” ဟု ဒေါက်တာ အယ်ရာဘီက သူကြုံတွေ့နေရ သည့် အခက်အခဲကို ရှင်းပြသည်။

ကိုရိုနာဗိုင်းရပ်စ် မကူးစက်မီအချိန်က ဆိုလျှင် အယ်ရာဘီသည် ၂၄ ရာသီပတ်လုံး ချွေးတစ်လုံးလုံးနှင့် အလုပ်များနေသည်။ နားရက်က တစ်ပတ်နှစ်ရက်သာရသည်။

“အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားလုံး ပိတ်ထားရတယ်။ ပုဂ္ဂလိက ဆေးခန်း လည်း မဖွင့်ရတော့ဘူး။ ဒီတော့ အစိုးရဆေးရုံ မှာပဲ တာဝန်ကျနေတော့တယ်” ဟု ဒေါက် တာ အယ်ရာဘီက အခြေအနေကို ရှင်းပြ လိုက်သည်။

ဒေါက်တာ အယ်ရာဘီသည် ဂါဇာရှိ ဆေးရုံကြီးတစ်ခုဖြစ်သော Shifa တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်နှစ်ရှိပြီ။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်သောချိန်တွင် သူက အသက်ရှူရာတွင် ပုံမှန်မဖြစ်သည့် လူနာ တွေကို စမ်းသပ်ကုသပေးရသည်။ အမျိုး သမီး လူနာတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် ဆရာဝန်တွေ သူနာပြု တွေ ဆေးစစ်ခံရသည်။ အယ်ရာဘီရောဂါ ကူးစက်ခံရကြောင်း အဖြေထွက်လာသည်။

“ကျွန်တော် အရမ်းတုန်လှုပ်သွား တယ်။ ဂါဇာမှာ ကူးစက်ခံရသူတွေ ဘယ် လောက်များနေပြီလဲဆိုတာ မပြောတတ် တော့ပါဘူး” ဟု ဒေါက်တာ အယ်ရာဘီက ပြောကြားသည်။

တူရကီအစိုးရက အထောက်အပံ့ဖြင့် ဆောက်ထားသည့် ဆေးရုံတွင် ဒေါက်တာ အယ်ရာဘီ တက်ရောက်နေရသည်။

ဂါဇာတောင်ပိုင်းရှိ Khan Younis ဆေးရုံမှ ဓာတ်ခွဲခန်း ကျွမ်းကျင်သူ ဟေသမ်အီဘရာဟင်ဆိုလျှင် နှစ်ပတ်တိတိ မနားတမ်း အလုပ်များနေသည်။ အသက် ၃၄ နှစ်ရှိ အီဘရာဟင်ကတော့ သူ့ကိုယ်သူ ဆေး စစ်ဆေးမှုတွေ မပြုလုပ်ဘဲနေသည်။ လူနာကတော့ ရက် ၂၀ နေပြီး ပြန်သက်သာလျှင် ဆေးရုံက ဆင်းသွားသည်။ ဆေးရုံဝန်ထမ်းများကတော့ ရောဂါကူးစက်မှု ခံရမည်ကို သိလျက်နှင့် တာဝန်ကို အချိန်ပြည့် ထမ်း ဆောင်နေရကြောင်း အီဘရာဟင်က ပြော ကြားသည်။ တခြား ကျန်းမာရေးဝန်ထမ်းများ လိုပဲ အီဘရာဟင်သည် လစာငွေ၏ ရာခိုင် နှုန်း ၄၀ သာရနေသည်။

အကျပ်အတည်း ပြီးလျှင်တော့ မိမိတို့ ဆုတွေရနိုင်မည်ထင်ကြောင်း၊ ယခုအချိန် မှာတော့ မိမိတို့သည် အလုပ်ကို ဂရုစိုက် လုပ်ကိုင်နေပြီး ကပ်ရောဂါကို ကျော်လွှား နိုင်ရန် ကြိုးပမ်းနေကြောင်း အီဘရာဟင်က ပြောကြားသည်။

Most Read

Most Recent