ထိုင်း ကွန်ဒို စျေးကွက် အဝယ်စာရင်းမှာ တတိယ အများဆုံးဖြစ်နေတဲ့ မြန်မာ

ထိုင်း ကွန်ဒို စျေးကွက် အဝယ်စာရင်းမှာ တတိယ အများဆုံးဖြစ်နေတဲ့ မြန်မာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်နေရာကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်နေရာကို တွေ့ရစဉ်
Published 10 March 2024

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံအတွက် ဆိုးကျိုးများရှိသကဲ့သို့ ကောင်းကျိုးများလည်း ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက် သည့် မြန်မာနိုင်ငံသားများကြောင့် ထိုင်းအာဏာပိုင်များအတွက် နယ်စပ်မြို့များ၌ မျက်စိ ဒေါက်ထောက်ကြည့်နေရခြင်း၊ နယ်စပ်ကုန်သွယ်မှုယခင်က နည်းပါးလာခြင်းများရှိ သကဲ့ သို့ မြန်မာနိုင်ငံမှ ငွေကြေးချမ်းသာသူများက ထိုင်းနိုင်ငံ၏ အိမ်ခြံမြေစျေးကွက် အထူးသဖြင့် ကွန်ဒိုစျေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှု များ လာသည့် အချက်မှာ အကျိုးစီးပွားဖြစ်ထွန်း နေသည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ချမ်းသာသော အထက် တန်းလွှာများသည် ထိုင်းအိမ်ခြံမြေစျေးကွက် တွင် မထင်မှတ်ဘဲ အများဆုံးဝယ်ယူသူများ ဖြစ်ခဲ့ရာ တရုတ်၊ ရုရှား သူဌေးများထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု အိမ်ခြံမြေအချက်အလက် ဌာန (REIC) ကဖော်ပြခဲ့သည်။

ကော်လီယာအိမ်ခြံမြေလုပ်ငန်း၏ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံမှ အသုံးအစွဲများ ပြားသော ဝယ်လက်များသည် ထိုင်းမြို့ကြီး များတွင် တန်ဖိုးကြီးအိမ်ခြံမြေများကို ဝယ်ယူ ခဲ့ကြသည်ဟု ဆိုသည်။

အစိုးရအိမ်ရာဘဏ်၏ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC)  သည် များ ပြားလှသည့် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများကို ဖော်ပြခဲ့သည်ဟု ကော်လီယာ$ ဒုတိယစီမံ ခန့်ခွဲမှုဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူ ကာလိုပိုဘရီက ပြောကြားခဲ့သည်။

“မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်တို့မှာ အိမ်ခြံမြေဝယ်တာတွေ ကို နှစ်သက်ကြောင်း တွေ့ရပါတယ်” ဟု ၎င်း က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော နှစ်တွင် ထိုင်းအိမ်ခြံမြေစျေးကွက်၌ ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံ သုံးစွဲခဲ့သည်ဟု  (REIC)  အချက်အလက်များတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထဲတွင် မြန်မာနိုင်ငံသားများသည် အများဆုံးသုံးစွဲသူ စာရင်း၌  တတိယနေရာတွင် ရပ်တည်ခဲ့သည် ဟု ဆိုသည်။ တရုတ်နှင့်ရုရှား ဝယ်လက်များ ထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက ချမ်းသာသူများသည်  ဘန်ကောက်မြို့၏အဓိကနေရာများတွင်ရှိ သော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူခဲ့ ကြသည်ဟု ပိုဘရီက ပြောကြားခဲ့ပြီး ယင်း ကွန်ဒိုများသည် စျေးနှုန်း ဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟု ဆိုသည်။

ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေးတို့လို အကောင်းစားကွန်ဒိုများရှိရာ နေရာများ သည် ရေပန်းစားလျက်ရှိပြီး ထိုနေရာများ သည် ဆေးရုံများ၊ နိုင်ငံတကာ ကျောင်းများ၊ အဆင့် မြင့် စျေးဝယ်စင်တာကြီးများနှင့် နီးကပ်သည် ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အလယ်အလတ်သုံးစွဲသူ များသည် ဘန်ကောက်မြို့၏ Aree နှင့်ဖရာ ထိုင်းဇုန်များရှိ စျေးနှုန်း ဘတ် ငါးသန်းမှ ၁၀ အတွင်းရှိသော ကွန်ဒိုများကို မျက်စိကျနေ ကြသည်ဟု ဖော်ပြထားသည်။

“အသက်ငယ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ  ဖြစ်တဲ့ အဲဒီဝယ်လက်တွေဟာ ကြိုပွိုင့်အဆင့် မှာပဲ ကွန်ဒိုတွေကို ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒီကွန်ဒိုတွေကို ပြန်ငှားဖို့ ဒါမှမဟုတ် ပြန် ရောင်းဖို့ ဝယ်ကြတာဖြစ်ပါတယ်” ဟု ပိုဘရီ က ပြောသည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက် ၏ လူစည်ကားရာ လမ်းများရှိ ကွန်ဒိုများကို ဝယ်ယူကြသည်သာမက ဖူးခက်၏ ရေကူး ကန်ပါသော အိမ်များကို လူကြိုက်များနေ သော လာဂူနာနှင့် ဘန်သော် နေရာတို့တွင် လည်း ဝယ်ယူနေကြသည်ဟု ဆိုသည်။

ဘတ်ငွေသန်း ၄၀ ကျော်ရှိသော အိမ် များကို တည်ဆောက်၍မပြီးမီ အမြန်ဆုံးဝယ် ယူနေကြသည်ဟု The Nation ကဖော်ပြခဲ့ သည်။

ထို့ပြင် မြန်မာနိုင်ငံသားများသည် ချင်း မိုင်ရှိ အိမ်ခန်းတွဲများကို ဝယ်ယူနေကြသည် ဟု ဆိုသည်။ အဆိုပါ အိမ်ခန်းတွဲများ၏ စျေး သည် ဘတ်ငွေသန်း ၃၀ မှ ၄၀ အကြားရှိ သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်လည်း ထိုင်းနိုင်ငံရှိ အိမ် ခြံမြေ၊ ကွန်ဒိုများကို ဝယ်ယူကာရင်းနှီးမြုပ်နှံ ရန် စိတ်ဝင်စားသူများရှိသကဲ့သို့ သားသမီး များကို ထိုင်းနိုင်ငံတွင် ပညာဆက်လက်သင် ကြားသည့်အချိန်တွင် ကုန်ကျစရိတ်များကို တဖက်တလမ်းမှ ဝင်ငွေရှာသည့်သဘောဖြင့်  ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံရှိ အိမ်ခြံမြေအကျိုးဆောင်အ ချို့က ပြောကြားသည်။

ထိုင်းနိုင်ငံရှိ အိမ်ခြံမြေများ၊ ကွန်ဒိုများကို မြန်မာနိုင်ငံသားများဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ် မတိုင်မီကတည်းက ရှိနေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဝယ်ယူမှုအများဆုံးထိပ်ဆုံးနေရာသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဘန် ကောက်မြို့မှ အိမ်ခြံမြေအကျိုးဆောင် ONE BANGKOK REALITY မှ Founder မနီလာ က ပြောကြားသည်။

ထိုင်းနိုင်ငံ အထူးသဖြင့် ဘန်ကောက် မြို့တွင် မြန်မာနိုင်ငံက ကွန်ဒိုအိမ်ခန်းများ ဝယ်ယူရင်းနှီးမြှုပ်နှံမှုအနေဖြင့်  ၂၀၂၂ ခုနှစ် က စတင်ပြီး ထိုင်းနိုင်ငံ၏ ထိပ်ဆုံးနိုင်ငံခြား သား ဝယ်ယူမှုစာရင်း၌ ရောက်ရှိခဲ့ခြင်းဖြစ် သည်ဟု ၎င်း၏ ပြောကြားချက်အရ သိရ သည်။

“ဘန်ကောက်မှာ ကွန်ဒိုဝယ်ဖို့ ပိုက်ဆံ နဲ့ ပတ်စပို့ပဲလိုပါတယ်။ ကျန်တာ ကျွန်မတို့ ဘက်က အားလုံး စီစဉ်ပေးမှာဖြစ်ပါတယ်” ဟု ONE BANGKOK REALITY မှ Founder မနီလာ က ပြောကြားသည်။

ONE BANGKOK REALITY အနေ ဖြင့် ၂၀၂၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ထိုင်းအိမ်ခြံမြေ၊ ကွန်ဒိုအရောင်းပြပွဲများကို ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ပွဲဦးထွက်အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲတွင် ကျပ်သိန်း ၁၅၀၀ နှင့် အထက် စျေးရှိသည့် ကွန်ဒိုအိမ်ခန်းများ ရောင်းချပေးလျက်ရှိရာ  ပြပွဲစတင်ကျင်းပသည့် ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်း၌ပင် ကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိသည့်အခန်းအား ရန်ကုန်မြို့ခံတစ်ဦးက ဝယ်ယူသွားခဲ့ကြောင်း နှင့် စိတ်ပါဝင်စားသူ အများအပြား လာရောက် စုံစမ်းမှုများ ရှိနေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို သွား ရောက်ဝယ်ယူလျက်ရှိသည့် မြန်မာနိုင်ငံသား များမှာ အရစ်ကျစနစ်ဖြင့်ဝယ်ယူပြီး ပြန်လည် ဌားရမ်းခြင်း၊ မိမိ၏ ရင်သွေးများမှ ကျောင်း တက်ရောက်ရာတွင် အဆင်ပြေစေရန် ဝယ်ယူ ခြင်းတို့ဖြစ်သည်။

ထိုင်းအိမ်ခြံမြေနှင့် ကွန်ဒိုအရောင်းအ ဝယ်များတွင် ရုရှားနှင့် တရုတ်ပြီးပါက ဝယ်ယူ မှုအများဆုံးတွင် တတိယနေရာတွင် ရှိနေ သည့် မြန်မာမှာ လာမည့်နှစ်တွင်လည်း ဝယ် ယူမှုများ များနေဦးမည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိ ရသည်။

“တချို့က အခုထိဝယ်ဖို့ စီစဉ်နေကြတာ တွေရှိတယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ဝယ် ကြတာတွေလည်းရှိတယ်။ တချို့ကျတော့ လည်း ပြည်တွင်းက စျေးနှုန်းတွေနဲ့ တွက်ပြီး တော့ ထိုင်းမှာပဲ ကွန်ဒိုဝယ်ကြတာတွေ ဖြစ် လာတာပေါ့” ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိတွင်လည်း ထိုင်းနိုင်ငံရှိ ကွန်ဒိုအ ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခြင်းကို စိတ်ဝင်စားလျက်ရှိသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များလည်း ရှိနေသည်။

“ထိုင်းမှာ ကွန်ဒိုအခန်းဝယ်ဖို့ စိတ်ဝင် စားတဲ့သူတော်တော်များတယ်။ ကျွန်တော်တို့ ကိုတောင်စုံစမ်းခိုင်းတာတွေရှိတယ်” ဟု ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိ သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြား သည်။

အနည်းဆုံး ဘတ် သန်း ၁ ဒသမ ၈ တန် ဖိုးရှိ ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ဝယ် ယူရန် မြန်မာနိုင်ငံသားများက စိတ်ဝင်စားနေ ခြင်းဖြစ်ပြီး စုံစမ်းမေးမြန်းမှုများလည်းရှိနေ သည်ဟု ထိုင်းကွန်ဒို အရောင်းကိုယ်စားလှယ် များထံမှ သိရသည်။

Most Read

Most Recent