ဧပြီ ၆ ရက်က ချောက်၊ ညောင်ဦး၊ ဟဲဟိုးနှင့် လွိုင်လင်မြို့တို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

ဧပြီ ၆ ရက်က ချောက်၊ ညောင်ဦး၊ ဟဲဟိုးနှင့် လွိုင်လင်မြို့တို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်
Published 7 April 2024

ဧပြီ ၆ ရက်က ချောက်၊ ညောင်ဦး၊ ဟဲဟိုး နှင့် လွိုင်လင်မြို့တို့တွင် အမြင့်ဆုံးအပူချိန်စံ ချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေ ဓညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဧပြီ ၆ ရက်တွင် ချောက် မြို့၌ စခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံ ချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း၊ ညောင်ဦးမြို့၌ စ ခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အ တွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန် သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံ ချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့်နှစ် မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှ စ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီ ၆ ရက်က ဖြစ်ပေါ်ခဲ့သည့် မိုးလေဝ သအနေဖြင့် ကချင်ပြည်နယ်တွင် နေရာကျဲ ကျဲ မိုးထစ်ချုန်းရွာခဲ့ကြောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် အများ အားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း ခဲ့ကြောင်း၊ နေ့အပူချိန်များမှာ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ငါးဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီး ယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူ ချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက် မြို့တွင် ၄၇ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့နှင့် မကွေးမြို့တို့တွင် ၄၅ ဒီဂရီဆဲလ်စီးယပ်စီနှင့် စစ်ကိုင်းမြို့၊ မြင်းခြံမြို့၊ တံတားဦး (လေကြောင်း မိုးလေဝသ)၊ မင်းဘူးမြို့၊ အောင်လံမြို့၊ တောင် တွင်းကြီးမြို့၊ ဂန့်ဂေါမြို့နှင့် ဆင်ဖြူကျွန်းမြို့ တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီနှင့် ရွှေဘိုမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ သာစည်(လှိုင်း တက်)နှင့် ပခုက္ကူမြို့တို့တွင်  ၄၃ ဒီဂရီဆဲလ်စီး ယပ်စီတို့ဖြစ်ကြောင်း သိရသည်။ မှတ်သား ဖွယ်ရာမိုးရေချိန်များမှာ ပူတာအိုမြို့နှင့် မချမ်း ဘောမြို့တို့တွင် သုည ဒသမ ၁၆ လက်မစီတို့ ဖြစ်ကြောင်း သိရသည်။

မတ် ၂၈ ရက်ကလည်း ဖျာပုံမြို့၌ အမြင့် ဆုံးအပူချိန်စံချိန်ဟောင်း ၃၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၈ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ် တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent