(၄) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲနှင့် ရှမ်းမြောက်ငြိမ်းချမ်းရေး

(၄) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲနှင့် ရှမ်းမြောက်ငြိမ်းချမ်းရေး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်များကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင် (နောင်ပိန်))
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်များကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင် (နောင်ပိန်))
Published 10 March 2024

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဟိုင်ဂင်ဧည့်ဂေဟာတွင် (၄) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေး ပွဲကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၁ ရက်အထိ ပြုလုပ်ခဲ့သည်။

ဟိုင်ဂင်ဆွေးနွေးပွဲနှင့်ပတ်သက် ၍ အွန်လိုင်းပေါ်တွင် ဆွေးနွေးပွဲအ ကြောင်းအရာများ၊ သဘောတူညီ များနှင့်ပတ်သက်ပြီး တိကျခိုင်မှုမရှိ ဘဲ လိုရာဆွဲပြောဆိုနေခြင်းများ ရှိ လာသည့်အပေါ် နစကဘက်က မတ် ၄ ရက်တွင် သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့သည်။

‘ကျွန်တော့်အနေနဲ့ ပထမဦး ဆုံး အသိပေးလိုတာကတော့ ဒီဆွေး နွေးမှုကို ယခုလဆန်းပိုင်းမှာ ပြုလုပ် ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်း ချမ်းရေး ဆက်လက်ဆွေးနွေးရမှာ တွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲအ မျိုးအစားများဖြစ်ကြောင်း အသိပေး လိုပါတယ်။ ကျွန်တော့်အနေနဲ့က တော့ ဆွေးနွေးပွဲအကြောင်းအရာ များနဲ့ သဘောတူညီချက်များကို ပြောကြားမှာ မဟုတ်ပါဘူး။ ဖြစ်ပေါ် နေတဲ့ကောလာဟလအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု၊ မီဒီယာ များ သိသင့်သိထိုက် အသိပေးရမှာ ကိုပဲ ပြောကြားလိုပါတယ်”ဟု နစက သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နစကဘက်က အဓိကအချက် ခုနစ်ချက်ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံ ပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာ ဆက်လက်ခိုင်မြဲနေမည်ဖြစ် ကြောင်း၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနဲ့ ပဋိပက္ခလျှော့ချရေးလမ်းစဉ် ကို ဆက်လက်ဆောင်ရွက်နေကြောင်း နစကဘက်က ဆိုသည်။

နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ် များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့သည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှု အောက်၌ ရှိမည်ဖြစ်ကြောင်းနှင့် တ ရုတ်၊ မြန်မာ နှစ်နိုင်ငံလုံးနှင့် သက် ဆိုင်သော အကျိုးစီးပွားများကို မြန် မာအစိုးရအနေဖြင့် အလေးထား ကာကွယ်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နစက ဘက်က ထုတ်ပြန်သည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ် ရေး၊ လုံခြုံရေးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုများ၊ ဆိုက်ဘာမှုခင်းကိစ္စ များကို နှစ်နိုင်ငံအစိုးရနှစ်ရပ် ပူး ပေါင်းပြီး ပြတ်ပြတ်သားသား ဆက် လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေ ကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံ များ၏ အကျိုးစီးပွားကိုထိခိုက် အောင်လုပ်ဆောင်သည့် မည်သည့် လုပ်ဆောင်မှုကိုမျှ မြန်မာနိုင်ငံက လက်ခံမည် မဟုတ်ကြောင်း နစက ဘက်က သတိပေးခဲ့သည်။

နောက်ဆုံးအချက်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ် မြောက်ေ အာင်လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံအစိုးရနှင့် သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်း လည်း နစကက ဆိုသည်။

ဟိုင်ဂင်ဆွေးနွေးပွဲဘယ်လိုဖြစ်လာသလဲ

ဟိုင်ဂင်ဆွေးနွေးပွဲ မြစ်ဖျားခံ ရာသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ် မြောက် ပိုင်း၌ စတင်ခဲ့သည့် မြောက်ပိုင်းမ ဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး က စသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သည် ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်ခဲ့ သည်ဟု ၎င်းင်းတို့၏ထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က သုံးလကျော်ကာ လအတွင်း မြို့ပေါင်း ၁၈ မြို့ကို သိမ်း နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်လနီးပါး အကြာတွင် ဟိုင်ဂင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံက စီစဉ်ခဲ့ခြင်း ဖြစ် သည်။

ပထမအကြိမ် ဟိုင်ဂင်ဆွေးနွေး ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည် နယ် ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ ကမကထလုပ်ပြီး နစက၏ အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA အဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံ ရေးအရ ဖြေရှင်းရန် တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင် ဘာ ၁၁ ရက်တွင် ထုတ်ပြောလာ သည်။

မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိ ပက္ခများနှင့်ပတ်သက်၍ ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ကျင်းပပြီး အပြု သဘောဆောင်သည့် ရလဒ်များ ရရှိ သည်ကို တွေ့ရသည့်အတွက် ဝမ်း သာမိကြောင်းနှင့် ဆွေးနွေးပွဲများကို ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သ တင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း မှန်ကန် ကြောင်း အတည်ပြုပြောကြားသည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီက တာဝန်ရှိတဲ့သူတွေ နဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည် သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင် ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေး နွေးမှုထိန်းသိမ်းထားရန် သဘောတူ ညီ ချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင် ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေ ပြတ်သားစွာ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အ သီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ၁၀၂၇ ပဋိ ပက္ခဖြစ်ပွားလာကတည်းက တရုတ် နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မ ပြတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအေနတည်ငြိမ်အေးချမ်းလာ စေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှု ဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တ ရုတ်နိုင်ငံ ပြည်တွင်း၌ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကျင်းပခဲ့ရာ ယာယီအပစ် အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်း ထားရန် စသည့်ကိစ္စရပ်များနှင့်စပ် လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ ကြောင်း ပြောကြားသည်။

ထို့ပြင် ၎င်းင်းက လက်ရှိတွင် မြန် မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ် ပွားမှုများ သိသိသာသာလျော့နည်း လာကြောင်း၊ ၎င်းင်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီး၏ အ ကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အ တွက်လည်း အထောက်အကူဖြစ် ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များ ကို အရှိန်မြှင့ ်အကောင်အထည်ဖော် ဆောင်ပြီး အပြန်အလှန်အတတ်နိုင် ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ ကျလာစေ၍ ရုတ်တရက်ဖြစ် ပွားမှု များကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာ ဖြေရှင်းမှု (soft landing ) အား အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အ ကြားတွင် ပြီးခဲ့သည့်တွေ့ဆုံမှုအပေါ် မူတည်၍ ဒီဇင်ဘာလကုန်ပိုင်း၌ ထပ်မံတွေ့ဆုံရန်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ဟိုင်ဂင်ဆွေး နွေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည် နယ် ကူမင်းမြို့၌ ပြုလုပ်ခဲ့သော် လည်း သဘောတူညီချက် ထူးထူး ခြားခြား မရရှိခဲ့ပေ။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်ရပ်ခြင်း

သို့သော် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် တတိယ အကြိမ် ဟိုင်ဂင်ဆွေးနွေးပွဲတွင် ရှမ်း ပြည်နယ်မြောက်ပိုင်း၌ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အ ကြား ယာယီအပစ်ရပ်ရန် သဘော တူညီချက်ရရှိခဲ့ကြောင်း နှစ်ဖက်အ ဖွဲ့အစည်းက ထုတ်ပြန်သည်။

တတိယအကြိမ်တွေ့ဆုံဆွေး နွေးရန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီ ကျွင်း၏ ဖိတ်ခေါ်မှုအရ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ တီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့မှ တာဝန်ရှိသူများအနေဖြင့် တရုတ် နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။   

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် တာဝန်ရှိ သူများ တက်ရောက်ပြီး မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဘက်မှ အတွင်းရေး မှူးများ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့တို့ တတိယအကြိမ် တွေ့ ဆုံဆွေးနွေးရာ၌ အပစ်ရပ်ရေးသ ဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ် ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

ထို့ပြင် တပ်မတော်နှင့် မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အ ခတ်ရပ်စဲရေး သဘောတူညီမှုရရှိ ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ တီ (NSPNC) နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍ နှစ်ဖက်တပ်များ ချက် ချင်းအပစ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့ ဝင်အချင်းချင်းကြားတွင် ပစ်ခတ် တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန် နှင့် အကယ်၍ အငြင်းပွားဖွယ်ရာ များနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များအ ပေါ် သဘောတူညီမှုများရရှိခဲ့ ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က ဆိုသည်။

ထိုသို့သဘောတူညီမှုရရှိစေ ရန်အတွက် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ရှမ်းမြောက်ရှိ တပ်မတော် ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စ တင်မပြုလုပ်ရန် သဘောတူခဲ့ပြီး တပ်မတော်ဘက်မှလည်း ရှမ်းမြောက် ဒေသရှိ ၎င်းင်းတို့ ထိန်းချုပ်၊ သိမ်းပိုက် ထားသော နေရာအားလုံးသို့ လေ ကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြောင်း၊ ထို့အတူ နှစ်ဘက်အဖွဲ့အစည်းမှ တ ရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ် နိုင်ငံသားများနှင့် မြန်မာနိုင်ငံအ တွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေ ရန်နှင့် မဖျက်ဆီးကြရန် သဘောတူ ညီခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်မှ ချက် ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံ နှင့် အခြားကိစ္စရပ်များကို ဆက် လက်ဆွေးနွေးသွားရန် သဘောတူခဲ့ ကြကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။

 

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်တွင် ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာ

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့အကြား ယာယီအပစ်ရပ် ရန် သဘောတူညီချက်ရရှိခဲ့ပြီး နောက် နစကဘက်က ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ငါးမြို့နယ်ကို စစ် အုပ်ချုပ်ရေး ကြေညာခဲ့သည်။    

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို နစကက စစ်အုပ်ချုပ်ရေးကြေညာခဲ့ သည်။

တရားဥပဒေစိုးမိုးရေးနှင့် နယ် မြေအေးချမ်းသာယာရေးကို ပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူးအား မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် အတွင်း မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ် နှင်းလိုက်ကြောင်း နစက,က ကြေ ညာသည်။

တိုင်းမှူးအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေ အရပ်ရပ်အ ပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍သော်လည်းကောင်း

စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။

ထို့အတူ ၂၀၂၄ ခုနှစ် မတ် ၄ ရက်ကလည်း ရှမ်းပြည်နယ်အတွင်း ရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ် တို့ကို နစက,က စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်မံ ကြေညာခဲ့သည့်အတွက် ရှမ်းပြည် နယ်အတွင်း စစ်အုပ်ချုပ်ရေး ကြေ ညာခံထားရသည့် မြို့နယ် ၁၃ မြို့ နယ်အထိ ရှိလာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက် ကလည်း ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ကွတ် ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်း မြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့ နယ်၊ သိန္နီမြို့နယ်၊ ကုန်းကြမ်းမြို့ နယ်နှင့် လောက်ကိုင်မြို့နယ် စသည့် မြို့နယ်ရှစ်မြို့နယ်ကို နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီက စစ်အုပ် ချုပ်ရေး (Martial Law) ကြေညာ ထားသည်။

မတ် ၄ ရက်တွင် နစက,က စစ် အုပ်ချုပ်ရေးကြေညာခဲ့သည့် ရှမ်း ပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန် နှင့် နမ္မတူမြို့နယ်တို့သည့် မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ် ထားသော မြို့နယ်များလည်းဖြစ် သည်။

ထိုသို့ ၎င်းတို့ ထိန်းချုပ်ထား သော မြို့နယ်သုံးမြို့နယ်ကို စစ် အုပ်ချ ုပ်ရေးကြေညာခြင်းနှင့်ပတ် သက်၍ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့အကြား သဘောတူ ထားသည့် ဟိုင်ဂင်သဘောတူညီ ချက်ကို လက်တွေ့အကောင်အ ထည်ဖော်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ် ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်သည်။

ထို့ပြင် နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးတို့အပြင် ဟိုင်ဂင်သဘောတူညီချက်စာချုပ်တွင် ပါသော အခြား အချက်အလက်များကို တစ်ဆင့်ပြီး တစ်ဆင့် ညှိနှိုင်းအ ကောင်အထည် ဖော်နေသည့် ကာလအတွင်း မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ် ထားသော မြို့နယ်သုံးမြို့နယ်ကို စစ် အုပ်ချုပ်ရေးကြေညာသည့် လုပ်ရပ် သည် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

တပ်မတော်နှင့် မြောက်ပိုင်းမ ဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သ ဘောတူညီချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲ ထားသော်လည်း မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည့် မြို့နယ်သုံးမြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာခြင်းနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းအကြား သဘော ထားတင်းမာလာမှုများ ရှိလာနိုင်သည် ဟု စစ်ရေးလေ့လာသူများ သုံးသပ်မှု များ ရှိနေသည်။

လက်ရှိတွင် ဟိုင်ဂင်သဘော တူညီမှုဖြင့် ရှမ်းပြည်နယ် မြောက် ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်း ဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ် ရပ်စဲထားသော်လည်း နစကဘက် က စစ်အုပ်ချုပ်ရေးကြေညာမှု ကြောင့် သေနတ်သံများ ပြန်လည် ကျယ်လောင်လာမည်ကို ဒေသခံ များက စိုးရိမ်လျက်ရှိကြသည်။

ထို့ကြောင့် တရုတ်နိုင်ငံက ကမကထလုပ်ပြီး အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီ ချက်အရ ရယူထားသည့် ရှမ်းမြောက် ငြိမ်းချမ်းရေးသည် မည်မျှအထိ ခရီး ရောက်မည်ကို စစ်ရေးလေ့လာသူ များက ဆက်လက်အကဲခတ် လျက် ရှိကြသည်။

 

Most Read

Most Recent