ယခင်နှစ်ထက် သုည ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လိုငွေနှင့် GDP အချိုး

ယခင်နှစ်ထက် သုည ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လိုငွေနှင့် GDP အချိုး
Published 17 March 2024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး  GDP သည် ကျပ် ၁၃၈၁၉၅ ဒသမ ၇၀၃ ဘီလျံရှိပြီး စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့်  ၄ ဒသမ ၁၀ ရာခိုင်နှုန်းခန့်မှန်းကြောင်း ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေ စာရင်းဆိုင်ရာအချက်အလက်များတွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စု၏စုစုပေါင်းရငွေ ကျပ် ၂၅၃၆၄ ဒသမ ၃၆၄ ဘီလျံရှိပြီး ပြည်ထောင်စု ၏ စုစုပေါင်းအသုံးစရိတ် ကျပ် ၃၃၁၇၅ ဒသမ ၀၅၃ ဘီလျံရှိသဖြင့်ပြည်ထောင်စု၏စုစုပေါင်း လိုငွေ ကျပ် ၇၈၁၀ ဒသမ ၆၈၉ ဘီလျံ၊ လိုငွေ နှင့် GDP အချိုး ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိ ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည် ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်း အတွက် ညှိနှိုင်းအစည်းအဝေးများ ကျင်းပနေပြီး မတ်လ ၁၁ ရက်က ကျင်းပခဲ့သည့် အ စည်းအ ဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မ ဟုတ်ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများ ကြိုတင်စိစစ်ရေး ကော်မ တီတို့က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ များနှင့်အညီ အဆင့်ဆင့်စိစစ်ထားပြီးဖြစ် သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည် ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို နောက်ဆုံးအဆင့်အဖြစ် စိစစ်ခဲ့ကြောင်း သိရ သည်။

နစကအနေဖြင့် တာဝန်ယူဆောင်ရွက် နေစဉ်ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေ ပိုင်းများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအ ကျိုးစီးပွားအပေါ် ဘက်ပေါင်းစုံမှ နှောင့် ယှက်ဖျက်ဆီးမှု စသည့်အခက်အခဲများ၊ စိန် ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေ သကြီးများရှိ အစိုးရအဖွဲ့များအားလုံးက ယင်း အခက်အခဲများကို မဆုတ်မနစ်သောဇွဲလုံ့ လ များဖြင့် ရင်ဆိုင်ကျော်လွှားကာ ချမှတ်ပေး ထားသည့် စီးပွားရေးရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ပြောကြားသည်။

ထို့ပြင် စိန်ခေါ်မှုများကြောင့် အချို့ဝန် ကြီးဌာနများက ရရှိလာသည့်ဘဏ္ဍာငွေများ ကို အပြည့်အဝမသုံးစွဲနိုင်သည့် ကိစ္စရပ်များ ရှိသဖြင့် ပြန်လည်အပ်နှံရသည်များလည်းရှိ ကြောင်း၊ ယင်းသည် နိုင်ငံတော်၏ ရင်းနှီး မြှုပ်နှံမှုအပိုင်းနှင့် ကုန်ထုတ်လုပ်မှုအပိုင်းတို့ တွင် နစ်နာမှုရှိသည့်အပြင် GDP လျော့ကျ စေမှုကိုလည်း သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် ရရှိ သည့်ဘတ်ဂျက်ကို အကျိုးရှိထိရောက်အောင် သုံးစွဲကြရန်လိုကြောင်း၊ ဘတ်ဂျက်များ စိစစ် သည့်အခါ လိုငွေနှင့်  GDP အချိုးကိုကြည့်၍ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရေး ဘောင် သတ်မှတ်လျက်ခွဲဝေချမှတ်ပေးခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် ရငွေကို အ ကောင်အထည်ဖော်ရာတွင် အ ခက်အခဲများ နှင့် စိန်ခေါ်မှုများလည်း ရှိမည်ဖြစ်ကြောင်း၊ အဆိုပါအခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်၊ ကိုယ်ရရှိသည့် ဘတ် ဂျက်ဖြင့် မည်သို့ကုန်အောင်သုံးမည်၊ ပေးထား သည့်ဘတ်ဂျက်ကို ထိထိရောက်ရောက် ကုန် အောင် သုံးနိုင်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုအတွက် အဘက်ဘက်က အထောက် အကူပြုလာမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် လိုငွေ နှင့်GDP အချိုး ကိုလေ့လာကြည့်ပါက ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်တွင် လိုငွေနှင့် GDP အ ချိုး ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂၇ ရာခိုင်နှုန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၁၈ ရာခိုင်နှုန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ၄ ဒသမ ၁၀ ရာခိုင်နှုန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၃၃ ရာခိုင်နှုန်း၊၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၆၅ ရာခိုင် နှုန်း၊၂၀၁၈ (ခြောက်လ) တွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၀၄ ရာခိုင်နှုန်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၂၃ ရာခိုင်နှုန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၅၆ ရာခိုင်နှုန်း၊၂၀၂၁-၂၀၂၂ (ခြောက်လ)တွင် ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊၂၀၂၂- ၂၀၂၃(ပြုပြင် ပြီး ခန့်မှန်းခြေ)  ၆ ဒသမ ၄၁ ရာ ခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄(မူလခန့်မှန်းခြေ) ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိကြောင်း ၂၀၂၃ -၂၀၂၄ ဘဏ္ဍာ နှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း ဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

စာရင်းဇယားများအရကြည့်မည်ဆို ပါက ပြည်ထောင်စုအဆင့်စိစစ်ရာတွင် မူလအခြေ အနေတွင် လိုငွေနှင့် GDP အချိုးသည် ၈ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မူ ဘောင်နှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ အကျိုးဖြစ်ထွန်းမှု အပေါ် အဆင့်ဆင့်စိစစ်ပြီး နောက် ဆုံးအနေအ ထားအဖြစ် ပြန်လည်စိစစ်သည့် အခါ ၂၀၂၄-၂၀၂၅ ၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသဖြင့် ပျမ်းမျှ ငါးရာခိုင်နှုန်း ကျော်လွန်နေသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့ သည့် ၂၀၂၃ - ၂၀၂၄ လိုငွေနှင့် GDP အချိုး သည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ တွင် လိုငွေနှင့် GDP အချိုးသည် သုည ဒသမ ၀၂ ရာခိုင်နှုန်း တွေ့ရကြောင်း ဘဏ္ဍာ ရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး ဝင်းက ပြောကြားခဲ့သည်။

ယင်းသို့ကွာခြားမှုများကို စိစစ်ရာတွင် တွေ့ရှိရသည့် အကြောင်းအရင်းများမှာ နိုင် ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်းကွာဟ ချက်များ၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံ ဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမည့်စ ရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အခြေခံအဆောက် အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားမှု များကြောင့် ၂၀၂၃-၂၀၂၄ ထက် သုည ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရခြင်းဖြစ်သည်ကိုတွေ့ ရကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုအ ရှိန် ပြန်လည်ကောင်းမွန်လာခြင်း၊ ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ခြင်း၊ ခရီးသွားလာမှုနှင့် ကုန်စည် တင်ပို့မှု မြင့်တက်ခဲ့ခြင်း၊ ပညာရေးနှင့် ကျန်း မာရေးဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန် လာခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ တိုး တက်ခဲ့ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များ ပိုမိုကောင်းမွန်လာခြင်းတို့ကို တွေ့ရှိရ သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမျိုးသားစီ မံကိန်းရည်မှန်းချက်တွင် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အ လိုက်စျေးနှုန်းများအရ ကျပ် ၁၃၈၁၉၅၇၀၃ ဒသမ ၀ သန်းရရှိရန်နှင့် စီးပွားရေးတိုးတက်မှု နှုန်းကို ပုံမှန်စျေးနှုန်းအရ  ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း၊ ကဏ္ဍ ကြီး များအလိုက် စီးပွားရေးတိုးတက်မှုနှုန်းကို လယ် ယာကဏ္ဍကြီးတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ စက် မှုကဏ္ဍကြီးတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန် ဆောင်မှုကဏ္ဍကြီးတွင် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင်မူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွက် ပြည် ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက် များအတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လို ငွေ များစွာ ဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့် တက်လာနိုင်သောကြောင့်  ကြွေးမြီ ခံနိုင်ရည် ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေ ကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာအတွင်း သာ ထားရှိရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဆိုင် ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံ တော် စီ မံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူကြီး စိုးဝင်းက ပြောကြားခဲ့သည်။        

Most Read

Most Recent