SME ချေးငွေရရှိရန် ထောက်ခံချက်ရယူရာ၌ အချိန်ကြန့်ကြာမှုရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးရန် ဘဏ်ခွဲများသို့ ညွှန်ကြားထား

SME ချေးငွေရရှိရန် ထောက်ခံချက်ရယူရာ၌ အချိန်ကြန့်ကြာမှုရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးရန် ဘဏ်ခွဲများသို့ ညွှန်ကြားထား
Published 9 September 2018

ရန်ကုန်မြို့လယ်ရှိ မြန်မာစီးပွားရေးဘဏ် ဘဏ်ခွဲ (၃) ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(SME) များ ချေးငွေရရှိရန်ထောက် ခံချက်များရယူရာ၌ အချိန်ကြန့်ကြာမှုရှိသဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသ ကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၏ ထောက်ခံချက်ဖြင့် လက်ခံဆောင်ရွက်ပေးရန် ဘဏ်ခွဲများသို့ ညွှန်ကြားထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ခု တွင် လုပ်ငန်းရှင ်၁၂၃  ဦးကို  ချေးငွေ ကျပ်  ၉၉၂၅ သန်းထုတ်ချေးပြီးဖြစ်ကြောင်း၊ အဆိုပါထုတ ချေးခဲ့ပြီးသည့် ၁၂၃ ဦးတွင် အပေါင်ပစ္စည်း ပေးအပ်နိုင်ခြင်း မရှိသည့် SMEs လုပ်ငန်းရှင် ၅၄ ဦးမှာ အပေါင်မဲ့ ချေးငွေ အာမခံ CGI စနစ်ဖြင့် ချေးငွေရယူခြင်းဖြစ်ပြီး ချေးငွေ ပမာဏမှာ  ငွေကျပ်  ၁၀၄၅  သန်းဖြစ်သည်။

SMEs ချေးငွေမူဝါဒအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက် (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် SMEs Agency များ၏ထောက်ခံချက်တစ်ခုခု တင်ပြနိုင်ပါ က ချေးငွေများကို ဦးစားပေး စိစစ်ခွင့်ပြုမည်ဟုသတ်မှတ်ထားသော်လည်း လက်တွေ့ ချေးငွေထုတ်ချေးရာတွင်ထောက်ခံချက်များရယူရာ၌  အချိန်ကြန့်ကြာမှုရှိသဖြင့်  သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီး ခံချက်ဖြင့် လက်ခံဆောင်ရွက်ပေးရန် ဘဏ်ခွဲ များသို့ ညွှန်ကြားထားကြောင်း၊ ငွေအရင်းအနှီးနည်းပါးပြီးအမှန်တကယ် အလုပ်လုပ် နေကြသည့် SMEs လုပ်ငန်းရှင်များလက်ဝယ်သို့ ချေးငွေများ ချောမွေ့လွယ်ကူစွာရောက်ရှိစေရေးအတွက်  SMEs Member Card တင်ပြနိုင်ပါက ချေးငွေကျပ် သိန်း ၂၀၀ အထိ ချေးငွေအာမခံ CGI စနစ်ဖြင့် ထုတ်ချေးရန် စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုသည်။

စက်တင်ဘာလက စတင်၍ အသေးစား၊ အလတ်စား(SMEs) လုပ်ငန်းရှင်တစ် ဦးကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒဿမ ၅ ရာ ခိုင်နှုန်းဖြင့် ကျပ်သန်း ၅၀၀ကို ငါးနှစ်အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွား ရေးဘဏ်မှ သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ချေးငွေ ဂျပန်ယန်း သုံးဘီလျံနှင့် ညီမျှသော မြန်မာကျပ်ငွေ ၃၆ ဘီလျံခန့်အား ရွေးချယ်ထားသည့်Particial Financial Institutions( ဘဏ်ခုနစ်ခုမှတစ်ဆင့် နေ ပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စားစီးပွာရေးလုပ်ငန်း(SMEs) များ သို့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ချေးငွေထုတ်ချေးရာတွင် ၂၀၁၅ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ-၂ (က)၊(ခ) တွင်ပါရှိသည့် SME သတ်မှတ်ချက်နှင့် ညီညွှတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ လက္ကားရောင်း ဝယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent