ကရင်ပြည်နယ် ဘားအံမြို့တွင် ရေအနည်းငယ် ကျသွားသော်လည်း ရေဘေးစိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်

ကရင်ပြည်နယ် ဘားအံမြို့တွင် ရေအနည်းငယ် ကျသွားသော်လည်း ရေဘေးစိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်
Published 1 August 2018

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်နှင့် ဂျိုင်းမြစ်တို့ ရေပြည့်ရေလျှံဖြစ်ကာ ၈ ရက် ကြာသည်အထိ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်းဘွဲ့မြို့နယ် အပါအဝင် မြို့နယ်၊ ကျေးရွာ အများအပြား ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် အနည်းငယ် ကျသွားသော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၃၀ ရက် ည၆နာရီအထိ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ဘားအံ-သထုံကားလမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းရှိ အချို့နေ ရာများတွင် ရေအနက် နှစ်ပေနှင့် ငါးပေအ နက်အထိ ရေကျော်နေပြီး ဘားအံ၊ ကော့က ရိတ်၊ မြဝတီကားလမ်း တံတားအမှတ် ၁- ၃၆ ခရဲကမ်းနားကျေးရွာအုပ်စု၊ ဥပုသ်တောင်မုခ် ဦးအနီးတွင် ကားလမ်းပေါ်သို့ ရေသုံးပေခန့် ကျော်နေသည့်အတွက် သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ  ဂျိုင်း(ကော့ကရိတ်) ပွန်း တွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအ နက် ခုနစ်ပေခန့်ကျော်နေသဖြင့် ဖြတ်သန်း သွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ် မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိကြောင်း သိရသည်။ ထိုင်းကုန်စည်များ ပြည်တွင်းဈေး ကွက်သို့တင်ပို့မှုရပ်ဆိုင်းနေသလို မြန်မာ့ကုန် စည်များလည်း နယ်စပ်မြဝတီမြို့သို့ ဝင်ရောက်မှု မရှိခြင်းကြောင့် အခြေခံစားကုန်များ အနည်းငယ် ဈေးတက်စ ပြုနေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့တွင် အဓိက စားသောက်ကုန် ဆန်ဈေးအနည်းငယ်သာ မြင့်တက်လာသော်လည်း ကွမ်းရွက်ဈေးမှာ သုံးဆခန့် မြင့်တက်သွားခဲ့ကြောင်း၊ ယခင်ကွမ်းရွက် တစ်ပိဿာ ကျပ် ၄၅၀၀ မှ ယခု ကုန်သွယ်မှု ရပ်တန့်နေခြင်းကြောင့် ကွမ်းတစ်ပိဿာ ၁၂၀၀၀ ကျော်ထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေချိန်သည် ဇူလိုင် ၃၀ရက် နံနက် ၁၀ နာရီခွဲအချိန် တိုင်း တာချက်အရ ယင်းမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာ တွင်ရှိနေပြီး ဂျိုင်းမြစ်ရေချိန်မှာ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီအချိန် တိုင်းတာချက်အရ ကျုံဒိုးမြို့၏ စိုးရိမ်ရေအမှတ် ၅၇၀စင်တီမီတာ အထက် ၆၁၄ စင်တီမီတာတွင် ဆက်လက် တည်ရှိသော်လည်း ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအတွင်း မိုးဇလ၏ တိုင်းတာချက်များအရ သံလွင်မြစ်နဲ့ ဂျိုင်းမြစ်ရေတို့မှာ လေးစင်တီမီတာခန့်စီ ကျဆင်းသွားသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်နေသည့် ကရင်ပြည်နယ်အတွင်း မြို့နယ်ငါးမြို့နယ်၌ ကယ်ဆယ်ရေး စခန်း ၅၀ ကျော် ဖွင့်လှစ်ပြီး လူဦးရေ ၂၀၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရပြီး ရေအကျကို မျှော်လင့်နေကြကြောင်း သိရသည်။

 

Most Read

Most Recent