YBS 21 ယာဉ်တစ်စီးက ကွန်တိန်နာယာဉ်ကို တိုက်မိပြီး ရှစ်လအရွယ် ကလေးတစ်ဦးအပါအဝင် ကိုးဦးဒဏ်ရာရ

YBS 21 ယာဉ်တစ်စီးက ကွန်တိန်နာယာဉ်ကို တိုက်မိပြီး ရှစ်လအရွယ် ကလေးတစ်ဦးအပါအဝင် ကိုးဦးဒဏ်ရာရ
Published 21 May 2018

အင်းစိန်မြို့နယ်တွင် YBS 21 ယာဉ်တစ်စီးက ကွန်တိန်နာယာဉ်အား ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ရှစ်လအရွယ် ကလေးတစ်ဦးအပါအဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း မေ ၂၀ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

မေ ၁၉ ရက် ည ၁၀ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းအတိုင်း မောင်းနှင်လာသည့် YBS 21 ယာဉ်တစ်စီးသည် မညကမှတ်တိုင် အလွန်အရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ဝင်တိုက်မိမှုကြောင့် ယာဉ်နှစ်စီးပျက်စီးခဲ့ပြီး YBS 21 ယာဉ်မောင်းနှင့် ယင်းယာဉ်ပေါ်ပါသူ ခုနစ်ဦး၊ ကွန်တိန်နာယာဉ်ပေါ်ပါ ရှစ်လအရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းကိုးဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ YBS 21 ယာဉ်မောင်းအား အင်းစိန်မြို့မရဲစခန်းက ယာဉ်(ပ)၃၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent