နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန်အား လေးစားချစ်ခင်သူ ပြည်သူများက ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန်အား လေးစားချစ်ခင်သူ ပြည်သူများက ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်
Published 19 March 2018

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား နိုင်ငံံတဝှမ်းမှ လေးစားချစ်ခင်သူပြည်သူများက ဂါရဝပြုတွေ့ဆုံသည့် အခမ်းအနားကို မတ်လ ၁၈ ရက် ညနေပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပရဟိတအဖွဲ့ဝင်၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အပါအဝင် လာရောက်ဂါရဝပြုသူ လူဦးရေ ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတဟောင်းက လာရောက်ဂါရဝပြုသည့် ပြည်သူများအား လိုက်လံနုတ်ဆက်ခြင်း၊ ဆုံးမသြဝါဒ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

သမ္မတဟောင်းဦးသိန်းစိန်က ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိအသင်းသည် နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သကဲ့သို့ အာဏလိုချင်၍ လုပ်နေသည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ ယင်းအချက်ကို အဖွဲ့ဝင်များ သံသယရှင်းရန် လိုအပ်ကြောင်း၊ ပြည်သူကို လေးစားသည့် ပြည်သူ၏ဆန္ဒကို အလေးထားသည့် အမျိုးဘာသာသနာကို ကာကွယ်စောင့်ရှောက်မည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းကို ပြည်သူများနှင့်အတူ ဝိုင်းဝန်းရွေးချယ်ပေးမည့် ပြည်သူများဖြစ်ကြောင်း ပြောကြားသည်။

“ဒီအဖွဲ့အစည်းဟာ နိုင်ငံရေးအဖွဲ့အစည်းကြီး မဟုတ်ပါဘူး။ အာဏာလိုချင်လို့ လုပ်နေတာလည်း မဟုတ်ပါဘူး။ ဒါလည်း ကိုယ့်ကိုကိုယ် သံသယရှင်းဖို့လိုပါတယ်။ သို့သော်လည်း ဒီအဖွဲ့ကြီးဟာ ပြည်သူကို လေးစားတဲ့ ပြည်သူရဲ့ဆန္ဒကို အလေးထားတဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ကျန်တဲ့ပြည်သူတွေနဲ့ဝိုင်းပြီး ရွေးချယ်ပေးမယ့် ပြည်သူ့မဲဆန္ဒရှင်တွေပဲ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြားသည်။

“အမျိုးသားရေးနဲ့ အမျိုးဘာသာ သာသနာကို ကယ်ဆယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေ၊ ပြည်သူတွေ ဘေးအန္တရာယ်နဲ့ ကြုံတွေ့လာတဲ့အခါ ကူညီကယ်ဆယ်ရမယ့်လုပ်ငန်းတွေ ဒါတွေအားလုံးကာ တာဝန်သိတဲ့ နိုင်ငံသားတိုင်းလုပ်ရမယ့် တာဝန်တွေဖြစ်ပါတယ်။ နိုင်ငံသားတိုင်းလုပ်ရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး၊ ဘာသာ သာသနာကို ချစ်ခင်မြတ်နိုးကြတဲ့သူတိုင်း ကိုယ့်လူမျိုးမပျောက်ပျက်ဖို့ ကိုယ့်ရဲ့ဘာသာ သာသနာ မပျောက်ပျက်ဖို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာမဆုံးရှုံဖို့ တို့တွေမှာ တာဝန်ရှိတယ်။ ဒီတာဝန်တွေအရ တို့လုပ်နေတာဖြစ်တယ်လို့ ခံယူထားဖို့ိုလိုပါတယ်” ဟု ဦးသိန်းစိန်က ပြောကြားသည်။

Most Read

Most Recent