မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နားကျေးရွာ၌ နေအိမ် ခြောက်လုံး မီးလောင်မှုဖြစ်ပွား

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နားကျေးရွာ၌ နေအိမ် ခြောက်လုံး မီးလောင်မှုဖြစ်ပွား
Published 31 January 2018

Photo-K.T.Y.K.K

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နားကျေးရွာ၌ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက နေအိမ် ၆ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ကမ်းပိုင်နားကျေးရွာ၌ ရာဇောက်ဒူလာ (ဘ) နော်ဇီလာမောက် ဆိုသူ၏ နေအိမ်သည် ဇန်နဝါရီ ၃၁ ရက် နံနက် ၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးဖိုမီးကြွင်မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး
နောက်ထပ် နေအိမ် ၅ လုံးသို့ ကူးစက်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး ၊ မီးသတ်ကား နှစ်စီးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါပြီး မီးငြိမ်းခဲ့ကြရာ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်းနှင့် နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

Photo-K.T.Y.K.K

မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင်မှာ ရာဇောက်ဒူလာ (ဘ) နော်ဇီလာမောက် ဆိုသူ၏ နေအိမ်ဖြစ်ပြီး (၁၅×၁၂ ×၁၀ ) ပေ၊ ဓနိမိုး ဝါးထရံကာ၊ မြေစိုက်နေအိမ်ဖြစ်ကြောင်းနှင့် ဘေးကပ်လျက် နေအိမ်များမှာ ဇီယာညီဆလမ်၏ နေအိမ် (၁၅×၁၂ ×၁၀ ) ပေ ဓနိမိုး ဝါးထရံကာ၊ မြေစိုက်နေအိမ် ၊အဘူကာလောင်၏နေအိမ် (၁၅×၁၂ ×၁၀ ) ပေ၊ ဓနိမိုး ဝါးထရံကာ မြေစိုက်နေအိမ် ၊နူရူလာမောက်၏ နေအိမ် (၂၀×၂၅×၁၂ )ပေ သွပ်မိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ် ၊ ရော်ရှီတာမောက်၏ နေအိမ် (၂၀×၂၅ ×၁၂ )ပေ သွပ်မိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ် ၊ ရာမောက်ဒူလာ၏ နေအိမ် (၂၀×၂၅×၁၂ ) ပေ သွပ်မိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်တို့ကို ကူးစက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၂၁၀၀၀၀ ကျပ်ဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့အပြင် မောင်တောမြို့နယ် ၊ မြို့ဦးရွာသစ် ကျေးရွာတွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ဘင်္ဂါလီ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သေးကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။ သားရွှေဦး(ကစ္ဆပ)

Most Read

Most Recent